သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံမှာ အင်္ဂါနေ့ ဆွေးနွေးမည်

A swan swims on a pond at the Palace park in Moers, western Germany.
A swan swims on a pond at the Palace park in Moers, western Germany.

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်နေတဲ့ ပြဿနာအတွက် ပြေလည်နိုင်မယ့် အဖြေရှာဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အင်္ဂါနေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

အဖွဲ့ဝင်နိုင်ငံ ၂ ခုရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ အာဆီယံ အဖွဲ့အတွက် ပြဿနာ ဖြေရှင်းပေးနိုင်စွမ်းကို စမ်းသပ်တဲ့ စည်းဝေးပွဲတခု ဖြစ်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံကြားမှာ ရှိနေတဲ့ ရှေးဟောင်း ပရဝိဟာရ ဟိန္ဒူဘုရားကျောင်းကို သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားမှုကနေ ဒီလထဲမှာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားပြီး လူပေါင်း ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ၂ ဘက်လုံးက တင်ပြထားပါတယ်။

ဒီကိစ္စအတွက် ညှိနှိုင်း အဖြေရှာဖို့ အာဆီယံက ဦးဆောင် လုပ်သင့်တယ်လို့ လုံခြုံရေးကောင်စီက ပြောခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာနေမှုကို ကျဆင်းသွားအောင် အဓိက ဦးဆောင်လုပ်နေသူကတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ ကုလသမဂ္ဂရုံးချုပ်ကို သွားပြီး ဘုရားကျောင်းကိစ္စကို လုံခြုံရေးကောင်စီမှာ တင်ပြဖို့ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်ခ်မြို့ကို သွားတုန်းကလည်း မစ္စတာ နာတာလီဂါဝါ လိုက်သွားခဲ့ပါတယ်။ သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဆီကိုလည်း သွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG