သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလှည့်ခရီးသွားများတဲ့ ထိုင်း Koh Samui ကျွန်းပေါ် ဗုံးကွဲ


ထိုင်းနိုင်ငံ၊ Koh Samui ကွန်းက shopping center တခုမှာ ပေါက်ကွဲပြီးဖြစ်တဲ့ ဗုံးထောင်ထားတဲ့ ပစ်ကပ်ကားကို တာဝန်ရှိသူတွေ စစ်ဆေးနေစဉ်။ (ဧပြီ ၁၀၊ ၂၀၁၅)
ထိုင်းနိုင်ငံ၊ Koh Samui ကွန်းက shopping center တခုမှာ ပေါက်ကွဲပြီးဖြစ်တဲ့ ဗုံးထောင်ထားတဲ့ ပစ်ကပ်ကားကို တာဝန်ရှိသူတွေ စစ်ဆေးနေစဉ်။ (ဧပြီ ၁၀၊ ၂၀၁၅)

ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း Koh Samui ကျွန်းပေါ်က Shopping center တခုမှာ သောကြာနေ့ည ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့အတွက် ၇ ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

Surat Thani (ဆူရတ် ဌာနီ) ခရိုင်ထဲမှာရှိတဲ့ Central Festival shopping စင်တာရဲ့ မြေအောက် ကားရပ်တဲ့နေရာကနေပေါက်ကွဲခဲ့တာမှာ ထိုင်းလူမျိုး ၆ ယောက်နဲ့ အီတလီလူမျိုး အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တယောက်တို့ ထိခိုက်ဒဏ်ရာ ရသွားကြပါတယ်။ ကား parking မှာရပ်ထားတဲ့ ယာဉ် တော်တော်များများလည်း ထိခိုက်ပျက်စီးသွားပါတယ်။

Central ကုန်တိုက်ကြီးမှာ Fashion show လုပ်ခဲ့ပြီးချိန်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအချိန် Shopping စင်တာထဲမှာ ဈေးဝယ်သူတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ မွတ်ဆလင်စစ်သွေးကြွတွေလှုပ်ရှားနေတဲ့ တောင်ပိုင်းပြည်နယ် ၃ ခုထဲက ရာလာပြည်နယ်ကနေ ဗုံးထောင်ထားတဲ့ Pickup ကားကို ယူလာတာ ဖြစ်တယ်လို့ ရဲကပြောပါတယ်။

ပေါက်ကွဲတဲ့ အရှိန်ပြင်းထန်ခဲ့လို့ မြေညီထပ်မှာရှိတဲ့ ဆိုင်ခန်းတွေလှုပ်ခါခဲ့ပြီး ကုန်ပစ္စည်းတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Central Festival shopping စင်တာမှာ ဗုံးပေါက်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ Surat Thani Cooperative ဈေးဆိုင်ကြီးမှာလည်း မီးလောင် ကျွမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုကိုကြည့်ခြင်းဖြင့် ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ လုပ်ရပ်လို့ ယုံကြည်ပြီး တောင်ပိုင်းက မွတ်ဆလင်အကြမ်းဖက်သမားတွေနဲ့ တိုက်ရိုက် ပတ်သတ်မှုမရှိနိုင်ဘူးလို့ အာဏာပိုင်တွေရဲ့ အပြောကို ဘန်ကောက်ပို့စ် သတင်းစာမှာ
ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ၅ ရက်ကြာ Songkran နှစ်သစ်ကူးပွဲတော်တွေဆင်နွဲနေချိန်မှာ Koh Samui ကျွန်းအပါအဝင် ထိုင်းနိုင်ငံက အပန်းဖြေနေရာတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်းကားနေချိန်ဖြစ်ပါတယ်။ အခုလို Koh Samui ကျွန်းမှာ ဗုံးကွဲမှုဖြစ်ခဲ့ပြီးနောက် Phuket ကျွန်းပေါ်က Central shopping center ကြီးကိုလာတဲ့ ကားတွေကို လုံခြုံရေးတွေက တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။

XS
SM
MD
LG