သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ယာဉ်တိုက်မှု ၂၅ ဦးသေဆုံး


ထိုင်း ယာဉ်တိုက်မှု ၂၅ ဦးသေဆုံး [Matichon TV via AP]
ထိုင်း ယာဉ်တိုက်မှု ၂၅ ဦးသေဆုံး [Matichon TV via AP]

ထိုင်းနိုင်ငံ အရှေ့ပိုင်း Chonburi ခရိုင်အတွင်း ဇန်နဝါရီလ ၂ ရက်နေ့က ယာဉ်တိုက်မှုဖြစ်သွားတဲ့အတွက် ကလေးငယ်တချို့အပါအဝင် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားပါတယ်။ Chonburi နဲ့ ဘန်ကောက်မြို့အကြားက အဝေးပြေးလမ်းမပေါ်မှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ ခရီးသည်တွေ တင်ဆောင်လာတဲ့ ဗန်ကားတစီးက ဆန့်ကျင်ဖက်က လာနေတဲ့ Pickup ထရပ်နဲ့ တိုက်မိသွားတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဗန်ကားပေါ် ပါလာတဲ့ ခရီးသည် ၁၃ ဦးနဲ့ Pickup ထရပ်ကားပေါ် ပါလာတဲ့ ခရီးသည် ၁၂ ဦး ၊ ပေါင်း ၂၅ ဦး သေဆုံးသွားတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ဖြစ်သွားပြီးတဲ့နောက် မော်တော်ယာဉ် ၂ စီးစလုံး မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ကျန် ခရီးသည် ၂ ဦးကတော့ ဒဏ်ရာရသွားပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာမရှိဘူးလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ မကြာသေးခင်ကာလအတွင်း ဒုတိယအကြိမ်မြောက် အလားတူ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာလည်း သိပ်မကွာလှဘူးလို့ Chonburi ခရိုင် ရဲတပ်ဖွဲ့က ဗိုလ်မှူးကြီး Pisit Proyrungroj က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်တဲ့ နိုင်ငံတခုဖြစ်ပြီး များသောအားဖြင့် အခါကြီး ရက်ကြီးတွေမှာ ယာဉ်တိုက်မှု ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့နဲ့ ဇန်နဝါရီလ ၂ ရက်နေ့အကြား ထိုင်းနိုင်ငံ တခုလုံးမှာ သေဆုံးသူ စုစုပေါင်း ၂၈၀ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်း ယာဉ်တိုက်မှု ၂၅ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG