သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြားရောဂါတမျိုးကြောင့် ကျွဲ နွား ရွှေ့ပြောင်းသယ်ဆောင်မှု ထိုင်း ထိန်းချုပ်


လယ်ယာလုပ်ငန်းခွင်ကနေ ပြန်သိမ်းလာတဲ့ နွားနဲ့ ပိုင်ရှင်တဦး။
လယ်ယာလုပ်ငန်းခွင်ကနေ ပြန်သိမ်းလာတဲ့ နွားနဲ့ ပိုင်ရှင်တဦး။

(Zawgyi / Unicode)

ထိုင်းနိုင်ငံက ကျွဲနွား တိရစ္ဆာန်တွေမှာ အဖုအခဲတွေ ပေါ်လာတဲ့ ကူးစက် အရေပြားရောဂါပိုး ဖြစ်ပွားလာတာကြောင့် ကျွဲနွားတိရစ္ဆာန် သယ်ယူ သွားလာခွင့်ကို ထိုင်းအစိုးရက တင်းကျပ်စွာ တားမြစ်လိုက်တယ်လို့ အစိုးရအရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒီရောဂါက နို့အထွက်နှုန်းကို လျော့ကျစေတာပါ။

ကြုံတောင့်ကြုံခဲ ဆိုးဆိုးရွားရွား ဖြစ်တတ်တဲ့ ဒီရောဂါက လူတွေကို မကူးစက်ဘူး ဆိုပေမယ့် ယင်နဲ့ ခြင်တွေကတဆင့် ပြန့်ပွားသွားတယ်လို့ ယူဆရပြီး ခုဆိုရင် ထိုင်းနိုင်ငံတွင်း ခရိုင် ၃၅ ခုမှာ ကျွဲနွားကောင်ရေ ၆,၇၀၀ ကျော်ကို ကူးစက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayuth ကတော့ အိမ်နီးချင်းနိုင်ငံတွေဆီကနေ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ ကျွဲနွား မှောင်ခိုတင်သွင်းမှုကို စိုးရိမ်နေပါတယ်။ အခုလို ရောဂါကူးစက်မှုမှာ ဒါက အရေးပါတဲ့ အကြောင်းရင်းတချက် ဖြစ်နိုင်သလို ထိုင်းနိုင်ငံတွင်း ကျွဲနွားသယ်ယူမှု မတားမြစ်ထားတာတွေလည်း ပါနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တိရစ္ဆာန် မွေးမြူရေးဌာန စာရင်းတွေအရ ထိုင်းနိုင်ငံမှာ နွားကောင်ရေ ၆.၂ သန်းရှိပြီး နို့စားနွား ၇ သိန်းကျော်နဲ့ ကျွဲကောင်ရေ ၁.၂ သန်းဝန်းကျင် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)






XS
SM
MD
LG