သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအယ်ဒီတာအပေါ် စွဲချက် ရုပ်သိမ်းပေးစေလို

ထိုင်းအယ်ဒီတာအပေါ် စွဲချက် ရုပ်သိမ်းပေးစေလို
ထိုင်းအယ်ဒီတာအပေါ် စွဲချက် ရုပ်သိမ်းပေးစေလို

ထိုင်းနိုင်ငံမှာ လူဖတ်များတဲ့ နိုင်ငံရေး ဝက်ဘ်ဆိုက်ဒ်တခုက အယ်ဒီတာ တယောက်အပေါ် တင်ထားတဲ့ စွဲချက်တွေကို ဖယ်ရှားပေးဖို့ Amnesty International လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ပရာချာထိုင်း (Pra cha Thai) ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်အပေါ် စာဖတ်သူရဲ့ ဝေဖန်ရေးသားထားတဲ့ ထင်မြင်ချက်တွေကို ချက်ချင်း မဖယ်ရှားလိုက်တာကြောင့် အယ်ဒီတာ ကျရာနော့ ပရမ်းကြိုင်မွန် တရားစွဲခံထားရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်စေတဲ့ ထင်မြင်ချက်တွေကို အွန်လိုင်းပေါ်မှာ ဖော်ပြဖို့ တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ သီးခြားစွဲချက်ပေါင်း ၁၀ ခုနဲ့ သူမ ရင်ဆိုင်နေရပါတယ်။ အမှုတခုချင်းစီအတွက် အမြင့်ဆုံး ပြစ်ဒဏ်က ၅ နှစ်စီ ဖြစ်ပါတယ်။

အတိုက်အခံ အမြင်တွေ၊ အများသဘောမကျတဲ့ အမြင်တွေ ဖော်ထုတ် ပြောဆိုတာကို အစိုးရက နှုတ်ပိတ်ဖို့ ဘယ်လောက် ကြိုးစားနေလဲ ဆိုတာကို အယ်ဒီတာ ကျရာနော့ရဲ့ အမှုက သက်သေပြနေတယ်လို့ Amnesty International ရဲ့ ဒေသတွင်း တာဝန်ခံ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က ပြောပါတယ်။

This item is part of
XS
SM
MD
LG