သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Phuketwan သတင်းသမား ၂ ဦး ထိုင်းတရားစွဲ


စွဲချက်တင်ခံရတဲ့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ အယ်ဒီတာ Alan Morison Alan Morison ကို ထိုင်းနိုင်ငံ ဖူးခက်မြို့ တရားရုံးတွင် သတင်းသမားတွေ မေးမြန်း။ (ဧပြီ ၁၇၊ ၂၀၁၄)
စွဲချက်တင်ခံရတဲ့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ အယ်ဒီတာ Alan Morison Alan Morison ကို ထိုင်းနိုင်ငံ ဖူးခက်မြို့ တရားရုံးတွင် သတင်းသမားတွေ မေးမြန်း။ (ဧပြီ ၁၇၊ ၂၀၁၄)
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းစစ်တပ် ပါဝင်နေတယ်လို့ စွပ်စွဲထားတဲ့ သတင်းကို ထုတ်ပြန်ခဲ့မှုနဲ့ သတင်းထောက် ၂ ယောက်ကို ထိုင်းတရားရုံးတခုက အသရေဖျက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်၊ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ Australia လူမျိုး အယ်ဒီတာ Alan Morison နဲ့ ထိုင်းသတင်းထောက် Chutima Sidasathian တို့ကို ထိုင်းနိုင်ငံ ကွန်ပျူတာ ရာဇဝတ်မှု ဥပဒေနဲ့လည်း စွဲချက်တင်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ရှိကြောင်းတွေ့ရှိရင် ထောင်ဒဏ် ၇ နှစ်နဲ့ ဒေါ်လာ ၃ ထောင်နဲ့ ညီမျှတဲ့ ငွေဒဏ်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ Phuket မြို့ တရားရုံးမှာ ရုံးချိန်းလာတဲ့ အယ်ဒီတာ Morison က ထိုင်းနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်အပေါ် ဖိနှိပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

"ဒီတခါ စစ်တပ်က နိုင်ခဲ့မယ်ဆိုရင်တော့ စစ်တပ်နဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ရဖို့ နောင်အခါဖြစ်လာရင် ဘယ်လို သတင်းထုတ်ရပါ့မလဲ ဆိုတာ ၂ ခါပြန် စဉ်းစားစရာ ဖြစ်လာတော့မှာပါ။ ဒီလိုသာဆိုရင် သိပ်ကို ဆိုးမှာပါ။ စစ်တပ်အနေနဲ့ ကိုယ်စားပြုတဲ့ ထိုင်းပြည်သူတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိရပါမယ်။ လျှို့ဝှက် နှုတ်ပိတ်နေရမှာ မဟုတ်ပါဘူး။” - လို့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ အယ်ဒီတာ Alan Morison ပြောသွားတာဖြစ်ပါတယ်။

စွဲချက်တက်ခံရတဲ့ သတင်းထောက် ၂ ယောက်လုံးကို ဒီကနေ့မှာ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပါတ်သက်တဲ့ Reuters သတင်းတပုဒ်ထဲက အပိုင်းတချို့ကို အင်္ဂလိပ်လိုထုတ်ပြန်တဲ့ Phuketwan သတင်းဌာန Website မှာ မနှစ်တုန်းက ဖော်ပြခဲ့တာဖြစ်ပါတယ်၊ အဲဒီ Reuters သတင်းအတွက် အထင်ကရ Pulitzer Prize ကို ရရှိခဲ့ပါတယ်။
XS
SM
MD
LG