သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-တရုတ် စစ်ဘက် ဆက်ဆံရေး အလားအလာ


တရုတ်ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီ ဝင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Chang Wanquan (ဒုတိယမြောက် ဝဲ) နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး Prawit Wongsuwan (တတိယမြောက် အလယ်)။
တရုတ်ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီ ဝင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Chang Wanquan (ဒုတိယမြောက် ဝဲ) နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး Prawit Wongsuwan (တတိယမြောက် အလယ်)။

ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကြား မကြာခင်ကပဲ ရရှိခဲ့တဲ့ စစ်ရေးသဘော တူညီမှုတွေကြောင့် ၂ နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အတိမ်အနက်နဲ့ ပါတ်သက်ပြီး ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီဝင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Chang Wanquan နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး Prawit Wongsuwan တို့ဟာ ဒီသီတင်းပါတ်ထဲ လာအိုနိုင်ငံက အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ ရဲ့ ဆွေးနွေးပွဲ အတွင်း သီးခြား တွေ့ဆုံခဲ့ပါတယ်။

အခုရခဲ့တဲ့ သဘောတူညီချက်တွေဟာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ဆိုတာကို သူတို့ရဲ့ တွေ့ဆုံမှုက သေချာစေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ သူ့ရဲ့ စစ်ရေးလိုအပ်ချက်တွေအတွက် တရုတ်ကို လိုတာထက်ပို မှီခိုဖို့တော့ မဖြစ်နိုင်ဖူးလို့ သတိထား သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကောင်စီနဲ့ တရုတ်ထောက် လှမ်းရေး အေဂျင်စီ တို့ကြား ညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်တွေဟာ စစ်ရေးဆက်ဆံမှု ခိုင်မာရေး၊ ပညာရေး၊ နည်းပညာနဲ့ ဖွံ့ဖြိုးရေးအပြင် အကြမ်းဖက်ခြေမှုန်းရေး ကျွမ်းကျင်သူများ အလုပ်အဖွဲ့ရဲ့ ပူးတွဲဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့တွေ ပါဝင်ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာဝပ်ရဲ့ အကြံပေးဖြစ်တဲ့ နိုင်ငံရေးသုတေသီ Panitan Wattanayagorn ကတော့ အခုဆွေးနွေးမှုတွေဟာ အင်အားကြီး နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာတာကို ပြသတာလို့ ပြောပါတယ်။

အခုတွေ့ဆုံပွဲဟာ မကြာခင်လတွေတုန်းက ရခဲ့တဲ့ သဘောတူညီချက်တွေပေါ် အခြေခံတဲ့ လုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်းချပြတာ ဖြစ်ပြီး အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ရုရှားအပြင် အခု တရုတ် အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ခေတ်သစ် ကို ဆောင်ကျဉ်းခဲ့တာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG