သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံ ရေးဆွဲမှု ခရီးမပေါက်


ထိုင်းဝန်ကြီးချုပ် Prayuth Chan-ochaနဲ့ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan။
ထိုင်းဝန်ကြီးချုပ် Prayuth Chan-ochaနဲ့ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan။

ထိုင်းနိုင်ငံမှာ အသွင်ကူးပြောင်းရေး ငါးနှစ်တာကာလ အတွင်း ရွေးကောက် တင်မြှောက်ခြင်း မရှိတဲ့ အထက်လွှတ်တော်နဲ့ ခန့်အပ်ခံ ဝန်ကြီးချုပ် ထားရှိရေးကို စစ်အစိုးရက တောင်းဆိုနေတဲ့အတွက် စစ်အစိုးရနဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မရှင်တို့ ထိပ်တိုက်တွေ့နေကြပါတယ်။ အစိုးရရဲ့ ဒီအဆိုပြုချက်တွေကို နိုင်ငံရေး ပါတီကြီးတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ကြပြီး ဖွဲ့စည်းပုံအသစ်မှာ ဒီလိုထည့်သွင်း လာရင် ပဋိပက္ခဖြစ်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

ဖွဲ့စည်းပုံ ဥပဒေမူကြမ်းမှာ အမတ်ဦးရေ ၅၀၀ ပါ အောက်လွှတ်တော် ကို ရွေးကောက် တင်မြှောက်ပြီး အမတ်ဦးရေ ၂၀၀ ပါရှိတဲ့ အထက်လွှတ်တော်ကိုတော့ လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေ အင်အားစုတွေ ရွေးကောက်တင်မြှောက်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အစိုးရ ကတော့ အထက်လွှတ်တော်အမတ် ၂၅၀ ကို ခန့်အပ်ခံတွေ နဲ့ ဖွဲ့စည်းပြီး ကာကွယ်ရေးဌာန အမြဲတမ်းအတွင်းဝန် စစ်ဦးစီးချုပ် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေနဲ့၊ ရဲချုပ်တို့အတွက် သီးသန့်နေရာ ချန်ထားဖို့ အဆိုပြုထားတာပါ။

ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon ကတော့ ဒါဟာ စစ်အာဏာသိမ်းမှု မဖြစ်ရအောင် ကာကွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သုံးသပ်သူတွေ၊ နိုင်ငံရေးသမားတွေ ကတော့ ဒါဟာ နိုင်ငံရေးပါတီတွေကို အားပျော့စေပြီး ဒီမိုကရေစီကို ထိပါးနေတယ်လို့ဆိုကြပါတယ်။

XS
SM
MD
LG