သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်သစ် နန်းတက်ပွဲအတွက် အပြီးသတ်ပြင်ဆင်


ထိုင်းဘုရင် Maha Vajiralongkorn နန်းတက် ဘိသိတ်ခံပွဲအတွက် ဝတ်စုံပြည့် ချီတက် အစမ်း လေ့ကျင့်နေကြတဲ့ တော်ဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဧပြီ၊ ၂၉၊ ၂၀၁၉)
ထိုင်းဘုရင် Maha Vajiralongkorn နန်းတက် ဘိသိတ်ခံပွဲအတွက် ဝတ်စုံပြည့် ချီတက် အစမ်း လေ့ကျင့်နေကြတဲ့ တော်ဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဧပြီ၊ ၂၉၊ ၂၀၁၉)

မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် ထိုင်းဘုရင် Maha Vajiralongkorn နန်းတက် ဘိသိတ်ခံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အပြီးသတ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ထိုင်းမှာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံး နန်းတက်ပွဲအတွက် တနင်္ဂနွေနေ့ကတော့ ဘုရင့်နန်းတော်ရှေ့မှာ တော်ဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝတ်စုံပြည့် ချီတက် အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။

ထိုင်းဘုရင်ကြီး Bhumibol Adulyadej ၂၀၁၆ အောက်တိုဘာလမှာ နတ်ရွာစံသွားပြီးတဲ့နောက်မှာ Rama မင်းဆက်ရဲ့ ၁၀ ယောက်မြောက် ဘုရင်အဖြစ် သားတော် Vajiralongkorn က စည်းမျဉ်းခံ ဘုရင်စနစ်အရ ထီးနန်း အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

မေလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် နန်းတက်ပွဲ အခမ်းအနားတွေအတွက် ထိုင်းအစိုးရက ဒေါ်လာ ၃၁ သန်းလောက် ကုန်ကျခံဖို့ သတ်မှတ်ထားပြီး ဒါဟာ ဘုရင်ကြီး Bhumibol ဈာပနပွဲ အခမ်းအနားအတွက် ကုန်ကျစားရိတ်ရဲ့ ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။

နန်းတက်ပွဲကို ဗုဒ္ဓဘာသာ ထုံးတမ်းအပြင် ဟိန္ဒူ ဗြာဟ္မဏ ထုံးတမ်းစဉ်လာအရပါ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နန်းတက် ဘိသိတ်ခံပွဲ ကို မေလ ၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဘုရင်အသစ်က အများပြည်သူနဲ့ နိုင်ငံခြားဧည့်သည်တော်တွေကို မေလ ၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကို တနိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်ထဲက စတင်ကျင့်သုံးလာခဲ့တဲ့ ထိုင်းနိုင်ငံမှာ ဘုရင်ဟာ ပြည်သူ နဲ့ ယဉ်ကျေးမှုကို စောင့်ရှောက်ကာကွယ်ပေးသူအဖြစ် ပြည်သူလူထုက လက်ခံထားကြပါတယ်။

ထိုင်းဘုရင်ကို ထောက်ခံတဲ့ အနေနဲ့ ထိုင်းနိုင်ငံမှာ အခု ဧပြီလ ကနေ ဘုရင် Vajiralongkorn ရဲ့ မွေးလ ဇူလိုင်လကုန်တဲ့အထိ ထိုင်းပြည်သူတွေကို တော်ဝင် အရောင်ဖြစ်တဲ့ အဝါရောင်ကို ဝတ်ဆင်ကြဖို့ နှိုးဆော်ထားပါတယ်။

ထိုင်းဘုရင်သစ် နန်းတက်ပွဲအတွက် အပြီးသတ်ပြင်ဆင်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG