သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘန်ကောက် ဆန္ဒပြသူတွေ ဗုံး ဒဏ်ရာရ


ဆန္ဒပြစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ် (ဇန်နဝါရီလ ၁၉၊ ၂၀၁၄)
ထိုင်းနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ စခန်းတခု အနီးမှာ ပေါက်ကွဲမှု ၂ ခု ဖြစ်တာကြောင့် အနည်းဆုံး လူ ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်မြို့တော်က အရေးပေါ် စင်တာ တခုက ပြောပါတယ်။ ဒီထဲက ၇ ဦးတို့ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ထားတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့တော် အောင်မြင်မှု အထိမ်းအမှတ် ကျောက်တိုင် အနားက ဆန္ဒပြသူတွေရဲ့ စခန်း တခု အနီးမှာ ပေါက်ကွဲမှု ၂ ခု သီးခြားစီ ဖြစ်ခဲ့ပြီးတဲ့ တနင်္ဂနွေနေ့မှာ ဒဏ်ရာရသူတွေကို ဘန်ကောက် တ၀န်းက ဆေးရုံတွေဆီကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဘန်ကောက်မြို့တော်က ဆေးရုံတွေကို စောင့်ကြည့်နေတဲ့ Erawan Medical Center က ပြောဆိုတာ ဖြစ်ပါတယ်။

ပထမ ပေါက်ကွဲမှုကတော့ ရန်ပြုသူ ၆ ယောက်ထဲက ၁ ယောက်က လက်ပစ်ဗုံးကို ပစ်သွင်းလိုက်တာဖြစ်ပြီး စုဝေးလှုံ့ဆော်မှုတွေ လုပ်ဖို့ အတွက် ဆန္ဒပြသူတွေ ဆောက်လုပ်ထားတဲ့ စင်မြင့်တခု အနီးမှာ ကျရောက်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဒီ့နောက် ခဏအကြာ မှာဘဲ ဈေးသည်တွေ အနီးမှာ ပေါက်ကွဲမှု တခု ဖြစ်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာဘဲ သောကြာနေ့က ဗုံးခွဲ တိုက်ခိုက်မှုမှာ စိုးရိမ်ဖွယ် ဒဏ်ရာ ရခဲ့သူ ဆန္ဒပြသမား တဦး စနေနေ့ မနက် အစောပိုင်းမှာ သေဆုံးသွားခဲ့ပြီ ဆိုတဲ့ ကြေညာချက် ထွက်ခဲ့ပါတယ်။

သေဆုံးခဲ့သူဟာ ဆိုရင် အတိုက်အခံ ခေါင်းဆောင် Suthep Thaugsuban ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ပွဲ အတွင်း သောကြာနေ့ နေ့လည် က ပေါက်ကွဲမှုမှာ ဒဏ်ရာ ရခဲ့သူတွေထဲက တဦး ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ လတ်တလော ဖြစ်ပွာနေတဲ့ တိုက်ခိုက်ပြီး ထွက်ပြေးတဲ့ ဗျူဟာ အသုံးချ ပစ်ခတ်မှုတွေထဲက တခုလည်း ဖြစ်ပြီး ဆန္ဒပြသူတွေကတော့ အစိုးရကို အပစ်ဖို့ကြပါတယ်။
XS
SM
MD
LG