ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်ရုပ်မြင်သံကြားတွေကနေ စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒါဟာ စစ်တပ်အာဏာ သိမ်းတာ မဟုတ်ဘဲ ထိုင်းပြည်သူအားလုံးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းစေဖို့ စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ဝန်ကြီးချုပ ်ယင်းလတ်ရှင်နဝပ် ပြုတ်ကျဖို့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ မငြိမ်မသက်မှုတွေ လအတန်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။
ဒီကနေ့ မနက်လင်းအားကြီးပိုင်းမှာ ဘန်ကောက်မြို့က အရေးပါတဲ့နေရာအတော်များများမှာ စစ်တပ်က နေရာယူချထားတယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် Channel 5 ရုပ်သံဌာနကလွဲပြီး ကျန်ရုပ်သံတွေအားလုံး ရပ်နားထားတယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ Channel 5 ရဲ့ လွှင့်ထုတ်ချက်ကိုပဲ ပြန်ပြနေပါတယ်။
ဝန်ကြီးချုပ် ယင်းလတ်ကိုတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးကနေ အဂတိလိုက်စားမှုစွဲချက်နဲ့ ရာထူးကနေ အခု လအစောပိုင်း ဖယ်ရှားခဲ့ပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်ယင်းလတ်ဦးဆောင်တဲ့ ပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွေအထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာစစ်တပ်ဟာ မကြာမကြာ အာဏာသိမ်းလေ့ရှိပြီး သြဇာလည်းကြီးပါတယ်။ ထိုင်းနိုင်ငံရဲ့ ၈၁ နှစ်တာ သမိုင်းအတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ဖူးတာပါ။