သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံသစ်ရေးဆွဲဖို့ ထိုင်းစစ်အစိုးရပြင်ဆင်


ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအတွက် စစ်အစိုးရက ကော်မတီတရပ် အင်္ဂါနေ့မှာ ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ သူ့ရဲ့ မဟာမိတ်တွေ နိုင်ငံ့အာဏာ ပြန်မရရှိရေးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်တာလို့ အများက ရှုမြင်ပါတယ်။

ဘုရင် Prajadhipok သိပ္ပံက ဥပဒေပညာရှင် Bavornsak Uwanno ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၆ ဦးပါ ကော်မတီဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာ အခု ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးအတွက် စတင်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၄ လအတွင်းမှာ မူကြမ်းကို အဆိုတင်သွင်းရမှာ ဖြစ်ပြီး၊ နောက်တော့ အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီ နဲ့ စစ်အစိုးရဆီမှာ ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။

သူတို့ဆီက ခွင့်ပြုချက်ရပြီ ဆိုရင်တော့ ၁၉၃၂ ခုနှစ် ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စံနစ် စတင်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အကြိမ် ၂၀ မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါလိမ့်မယ်။

ဒီဖွဲ့စည်းပုံဟာ စစ်အစိုးရရဲ့ အကြံပြုချက်တွေအပေါ် အခြေခံရေးဆွဲမှာဖြစ်ပြီး တားမြစ်ခံ နိုင်ငံရေးသမားတွေ အနာဂတ်မှာ ရွေးကောက်ပွဲမဝင်ရဆိုတဲ့ သတ်မှတ်ချက် ပါဝင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG