သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ ဇွန်မတိုင်ခင် လုပ်မည်


ထိုင်းရွေးကောက်ပွဲ ဇွန်မတိုင်ခင် လုပ်မည်

ထိုင်းနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို လာမယ့် ဇွန်လ မတိုင်ခင် ကျင်းပသွားမယ်လို့ ထိုင်း ဒုတိယ၀န်ကြီးချုပ် Suthep Thaugsuban က ပြောကြားလိုက်ပါတယ်။

Mr. Suthep သတင်းထောက်တွေကို ဒီနေ့ ပြောကြားလိုက်တာဟာ တိုင်းပြည်အတွင်း အကြမ်းဖက် ဆူပူမှုတွေ မဖြစ်သ၍ ရွေးကောက်ပွဲကို အခုနှစ်ဝက် မကျိုးခင် ကျင်းပသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) အရင်က ပြောထားခဲ့တာကို တနည်းအားဖြင့် အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာ သူ့ရဲ့ ၀န်ကြီးချုပ်သက်တမ်း မကုန်ဆုံးခင် မစ္စတာ အဘီဆစ် အနေနဲ့ ရွေးကောက်ပွဲအသစ် ခေါ်ယူ ကျင်းပပေးရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးဖို့ အစိုးရ ဆန့်ကျင်တဲ့ အင်္ကျီနီဝတ် ဆန္ဒပြသမားတွေ ပြီးခဲ့တဲ့နှစ်ထဲမှာ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေကိုတော့ အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် လူပေါင်း ၉၀ လောက် သေဆုံးခဲ့ပါတယ်။

အင်္ကျီနီဝတ် အစိုးရ ဆန့်ကျင်ရေး အုပ်စုတွေဟာ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြပွဲတွေကို မကြာခဏ ဆက်လက် ပြုလုပ်နေကြတုန်း ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားနေတဲ့ ကိစ္စကို အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံအပေါ် မကျေနပ်တဲ့အတွက် ပုံမှန်အားဖြင့် အစိုးရကို ထောက်ခံ အားပေးသူတွေလို့ သတ်မှတ်ခံထားရတဲ့ အင်္ကျီဝါ၀တ် အုပ်စုတွေရဲ့ ထောက်ခံ အားပေးမှုဟာလည်း ၀န်ကြီးချုပ် အပေါ်မှာ တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပါပြီ။

XS
SM
MD
LG