ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပဖို့ ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်ရေးအတွက် ကာလအတန်ကြာ ကန့်ကွက် ဆန္ဒပြနေခဲ့ကြတဲ့ အတိုက်အခံ အင်အားစုတွေ အထွေထွေရွေးကောက်ပွဲမှာ ပါမယ် မပါဘူးဆိုတာတော့ မသိရသေးပါဘူး။
ဝန်ကြီးချုပ်က ဖေဖော်ဝါရီလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့ အတိုက်အခံတွေက အဲဒီရွေးကောက်ပွဲကို သပိတ်မှောက်ပြီး နေရာ အတော်များများမှာ မဲပေးလို့မရအောင် နှောင့်ယှက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Yingluck ဟာ အကျင့်ပျက်ခြစားပြီး သူ့အစိုးရဟာလည်း အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က အနောက်က ကြိုးကိုင်တာကို ခံနေရတယ်လို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုနေတာပါ။
မစ္စတာ Thaksin ကတော့ စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖြုတ်ချခံလိုက်ရပြီးနောက် သူ့အပေါ်စွဲချက်တင်ထားတဲ့ အကျင့်ပျက်ခြစားမှုတွေ ရင်ဆိုင်ရမှာစိုးတဲ့အတွက် ပြည်ပကို ထွက်ပြေးသွားပြီး သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။