သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရသစ်ဖွဲ့မယ့် အစီအစဉ် ဝန်ကြီးချုပ် ပါဝင်မည်မဟုတ်


ဝန်ကြီးချုပ် Prayuth Chan-ocha (မတ်၊ ၂၆၊ ၂၀၁၉)
ဝန်ကြီးချုပ် Prayuth Chan-ocha (မတ်၊ ၂၆၊ ၂၀၁၉)

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ်ကနေ တက်လာမယ့် အစိုးရသစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်မှာ သူ ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ပြောလိုက်ပါတယ်။

“အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အထိ ဝန်ကြီးချုပ်တာဝန်ကို ဆက်ပြီး ထမ်းဆောင်သွားပါမယ်။ အစိုးရသစ် ဖွဲ့စည်းတဲ့ထဲမှာ ကျနော် ပါဝင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံရေးအဖွဲ့ တခုရဲ့အလုပ် ဖြစ်လို့ပါပဲ။ ကျနော့်အနေနဲ့ကတော့ ဝန်ကြီးချုပ် အဖြစ်နဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ကောင်စီ NCPO ရဲ့ ခေါင်ေးဆာင်အဖြစ် ဆက်ရှိသွားပါမယ်။ မဲပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပအပြီး ပထမဆုံးအကြိမ်လုပ်တဲ့ အစိုးရ အဖွဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ် Prayuth က ပြောသွားပါတယ်။

စစ်တပ်နဲ့ ဆက်စပ်တဲ့ Phalang Pracharat ပါတီကတော့ ဝန်ကြီးချုပ် Prayuth ကို သူတို့ အစိုးရ ဖွဲ့တဲ့အခါ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်ထားတာဖြစ်ပြီး အစိုးရ ဖွဲ့နိုင်ရေးအတွက် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ ၂၅၁ နေရာရဖို့ ခန့်မှန်း ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အဓိက ပြိုင်ဘက်ဖြစ်တဲ့ Pheu Thai ပါတီကလည်း အစိုးရ ဖွဲ့နိုင်ရေးအတွက် “ဒီမိုကရက်တစ်တပ်ဦး” ညွန့်ပေါင်း အဖွဲ့ဖွဲ့ထားပြီး အမတ်နေရာ ၂၅၀ ကျော်ရထားတယ်လို့ ဒီကနေ့မှာပဲ ပြောထားပါတယ်။

ရွေးကောက်ပွဲ တရားဝင် ရလဒ်တွေကို မေလ ၉ ရက်နေ့မှ ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားတာကြောင့် ပါတီ တွေအနေနဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ဘယ်နှနေရာစီ ရကြမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG