သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး EU ထောက်ခံပါဝင်ဖို့ ထိုင်းပန်ကြား


Foreign Minister Parnpree Bahiddha-Nukara addresses reporters after Thai nationals returned safely from the conflict in Israel, Bangkok, Thailand, Oct. 12 2023. (Tommy Walker/VOA)
Foreign Minister Parnpree Bahiddha-Nukara addresses reporters after Thai nationals returned safely from the conflict in Israel, Bangkok, Thailand, Oct. 12 2023. (Tommy Walker/VOA)

မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ရာမှာ ထောက်ခံဖို့ ဥရောပသမဂ္ဂ (အီးယူ) ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပန်ကြားလိုက်တယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ သောကြာနေ့ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးမှာ မစ္စတာ ပန်းပရီး ဗဟိဒ္ဓနုကာရက ခုလို တောင်းဆိုခဲ့တာပါ။ မြန်မာ့အကျပ်အတည်း အဖြေရှာရေးမျှော်လင့်ပြီး မြန်မာနိုင်ငံက ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေ အားလုံးနဲ့ နိုင်ငံတကာအသိုက်အဝန်းကြား အပြုသဘောစကားပြောကြဖို့အတွက် ပထမ ခြေလှမ်းငယ်အဖြစ် ထိုင်းနိုင်ငံ ကမကထပြုနေတဲ့ လူသားချင်းစာနာထောက်ထားရေးကို အီးယူက ထောက်ခံပံ့ပိုးဖို့ မျှော်လင့်ကြောင်း မစ္စတာပန်းပရီ က မြန်မာ့အခြေအနေကို ဆွေးနွေးရာမှာပြောဆိုခဲ့တာပါ။ အပြောင်းအလဲကို ဖန်တီးဖို့အတွက် အာဆီယံနဲ့အီးယူတို့ အတူတကွလုပ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလုံးစုံဖြစ်ရေးဟာ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင်(AOIP)ရဲ့ မူဖြစ်သလို၊ ဥရောပသမဂ္ဂမှာလည်း အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်၊ ပွင့်လင်း၊ စည်းမျဥ်းအခြေခံ၊ အားလုံးပါဝင်ရေး အနာဂတ်အမြင် ရှိတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကမ္ဘာ့ ပဋိပက္ခ နဲ့ ရင်ဆိုင်နေကြတဲ့အခါ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် အစုအပေါင်းသဘော ချဥ်းကပ်ပုံ နဲ့ ချဥ်းကပ်ဖို့ မစ္စတာ ပန်းပရီး က ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG