သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်လူထု ရေဘေးကင်းဖို့ ဝန်ကြီးချုပ် အာမခံ


ရေကြီးမှုဒဏ်ခံနေရတဲ့ ထိုင်းနိုင်ငံက Pathum Thani မြို့ က အသွားအလာ မြင်ကွင်းတစ်ရပ် (အောက်တိုဘာလ ၁၃၊ ၂၀၁၁)
ရေကြီးမှုဒဏ်ခံနေရတဲ့ ထိုင်းနိုင်ငံက Pathum Thani မြို့ က အသွားအလာ မြင်ကွင်းတစ်ရပ် (အောက်တိုဘာလ ၁၃၊ ၂၀၁၁)

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလပ်ရှီနဝပ်က နိုင်ငံရဲ့ သုံးပုံတစ်ပုံလောက် ပျက်စီးမှုတွေဖြစ်ခဲ့တဲ့ ရေကြီးမှုဒဏ်တွေကနေ ဘန်ကောက်မြို့တော် အတွင်းပိုင်းလွတ်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ဒီကနေ့ ကတိပေးလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောခဲ့တာမှာ မြို့တော်ရဲ့အစွန်ပိုင်းတွေကတော့ ပြဿနာတချို့ ကြုံနိုင်တယ်၊ ဒါပေမဲ့ ဘန်ကောက်မြို့ထဲမှာဆိုရင်တော့ ကာကွယ်ရေးတွေ ခိုင်ခိုင်မာမာ လုပ်ထားပြီးသားဖြစ်တာမို့ အခြေအနေဟာ ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုလိုက်ပါတယ်။

မနေ့ကတော့ ဘန်ကောက် ရေကြီးမှုဆိုင်ရာကူညီရေးအဖွဲ့ ဗဟိုက ရေတားဂိတ်တစ်ခု ပြိုသွားခဲ့တယ်လို့ သတင်းထုတ်ခဲ့တာကြောင့် မြို့နေလူထုကြား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ခဲ့ပေမဲ့ အာဏာပိုင်တွေဘက်ကတော့ ဒီထုတ်ပြန်ချက်ကို မမှန်ဘူးလို့ ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါတယ်။

လက်ရှိ ရေကြီးမှုကြောင့် ထိုင်းနိုင်ငံမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ရပြီးပါပြီ။ သေဆုံးသူအများစုကတော့ ဘန်ကောက်မြို့ မြောက်ဘက်နားက အယုဒ္ဓယ ရှေးဟောင်းမြို့တော်အနီးတဝိုက်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်နယ်ပေါင်း ၇၆ ခုထဲက ၆၁ ခုမှာ လူပေါင်း ၈ သန်းဟာ ရေကြီးတဲ့ဒဏ်ကို ခံနေကြရပါတယ်။

တချိန်တည်းမှာပဲ ပါပူဝါနယူးဂီနီ မှာတော့ လေမုန်တိုင်းတိုက်ပြီး ရာသီဥတု ဆိုးရွားခဲ့တာကြောင့် ဒီနေ့ သစ်တောထဲမှာပျံနေတဲ့ လေယာဉ်တစ်စီး ပျက်ကျသွားလို့ လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG