သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်လူထု ရေလွတ်ရာ ပစ္စည်းရွှေ့ဖို့ အစိုးရတိုက်တွန်း


ဘန်ကောက်လူထု ရေလွတ်ရာ ပစ္စည်းရွှေ့ဖို့ အစိုးရတိုက်တွန်း
ဘန်ကောက်လူထု ရေလွတ်ရာ ပစ္စည်းရွှေ့ဖို့ အစိုးရတိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန် ရပ်ကွက်တွေမှာ ရေတွေတက်လာနေတဲ့အတွက် သန်းနဲ့ချီရှိတဲ့ မြို့ခံတွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို အမြင့်ပိုင်းနေရာတွေမှာ ရွှေ့ပြောင်းထားကြဖို့ အစိုးရတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ ဘန်ကောက်မြို့လယ်ခေါင်ကနေ ၁၀ မိုင်လောက်သာဝေးတဲ့ မြို့ရဲ့မြောက်ပိုင်းက လက်ဆီ (Laksi) မှာဆိုရင်လည်း ရေတွေဟာ ဒီကနေ့ ဒူးဆစ်လောက်ထိ တက်လာနေပြီလို့ မြို့ခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မြို့ရဲ့မြောက်ဘက် ရေကြီးတဲ့ နေရာတွေမှာ နေထိုင်သူတွေကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြသလို ဘန်ကောက်မြို့ခံတွေလည်း အစားအသောက်နဲ့ ရေတွေကို ဝယ်ယူ စုဆောင်းနေကြပါတယ်။ အစိုးရက ရေဘေးပြဿနာကို ကိုင်တွယ်နေတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အရေးပေါ် ကယ်ဆယ်ရေး ဥပဒေမှာ အပ်နှင်းထားတဲ့ အရပ်ဖက် လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yingluck Shinawatra) က စားနပ်ရိက္ခာ မပြတ်လပ်အောင် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ပိုင်ခွင့်အရ အမိန့်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့ အစိုးရတာဝန်ရှိသူတွေကို ဝန်ကြီးချုပ်က အရေးယူပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ရေကြီးမှုကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်း ၃၄၂ ယောက်အထိ ရှိသွားပြီလို့လည်း ထိုင်းအစိုးရက ဒီကနေ့ ကြေညာခဲ့တာပါ။ မုတ်သုန်မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ ဒေသတော်တော်များများ ရေလွှမ်းနေပြီး လူပေါင်းသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဆိုရင်လည်း သေဆုံးသူပေါင်းဟာ ၃၃၆ ယောက်ထက် မနည်းရှိခဲ့ပါတယ်။

XS
SM
MD
LG