သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ရေမကြီးအောင် အပြင်းအထန် ကြိုးစားနေ


ရေဘေးဒဏ်ခံနေရသည့် ဘန်ကောက်မြို့စွန် ရပ်ကွက်တစ်ခုမြင်ကွင်း (အောက်တိုဘာလ ၂၁ ၂၀၁၁)
ရေဘေးဒဏ်ခံနေရသည့် ဘန်ကောက်မြို့စွန် ရပ်ကွက်တစ်ခုမြင်ကွင်း (အောက်တိုဘာလ ၂၁ ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရေမကြီးအောင် ကာကွယ်ထားတဲ့ အတားအဆီးတွေအပေါ် ရေထုဖိအား ပိုကြီးလာနေတာနဲ့အမျှ မြို့တော်ရဲ့အချက်အချာနေရာတွေမှာ ရေတက်မလာအောင် ရေတွေကို လမ်းကြောင်းလွှဲဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးစား နေကြပါတယ်။

ဘန်ကောက်မြို့တော် မြောက်ဘက်က လူနေရပ်ကွက်တချို့မှာတော့ ခါးလည်လောက်ထိ ရေကြီးနေပြီ ဖြစ်ပါတယ်။ ရေပိုကြီးလာ ဖွယ်ရှိပြီး ပြန်ကျသွားဖို့ကတော့ သီတင်းခြောက်ပတ်လောက်အထိ ကြာနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က စနေနေ့မှာ ရုပ်မြင်သံကြားကနေတဆင့် သတိပေး ပြောဆိုထားပါတယ်။

ဘန်ကောက်မြို့တော်မှာ နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ အဖိုးတန် ပိုင်ဆိုင်ပစ္စည်းတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းနေရာတွေ၊ ရေကြီးမလာနိုင်ဘူးလို့ ခန့်မှန်းထားတဲ့နေရာတွေဆီ ရွှေ့ပြောင်းထားဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

ကျောက်ဖယားမြစ်ဘေးတလျှောက်က လူနေဒေသ ၂၇ ခုကို ရွှေ့ပြောင်းထားဖို့ကိုလည်း ထိုင်းတာဝန်ရှိသူတွေ က ပြောထားပါတယ်။

ဒါပေမဲ့လည်း ဘယ်လောက် ဆိုးဆိုးရွားရွား အခြေအနေထိ ရေကြီးလာမယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ သီတင်းပတ်ပေါင်းများစွာအထိ ရေ ဆက်ကြီးနေနိုင်ပြီး ဘန်ကောက်မြို့တော်မှာ နေထိုင်သူတွေ ရေကြီးလာမယ့်အရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ကိုပဲ ထိုင်းအစိုးရကတော့ ပြောထားပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ မိုးဒဏ်ကြောင့် စပါးစိုက်ခင်းတွေအပါအဝင် ကောက်ပဲသီးနှံတွေ ပျက်စီးရသလို စက်မှုဇုံတွေကိုလည်း ပိတ်ထားရပါတယ်။ လူ ခုနစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောထားသလို လူပေါင်း တစ်သိန်းတစ်သောင်းကျော် အိုးအိမ်မဲ့ဖြစ်နေရပါတယ်။

XS
SM
MD
LG