သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေကြီးမှု နောက်သီတင်းပတ်မှ စကျနိုင်


ထိုင်းရေကြီးမှု နောက်သီတင်းပတ်မှ စကျနိုင်
ထိုင်းရေကြီးမှု နောက်သီတင်းပတ်မှ စကျနိုင်

ရေကြီးနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲကနေ လူတွေအစုလိုက် အပြုံလိုက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြချိန်မှာပဲ ကြီးနေတဲ့ရေတွေ မကြာခင်မှာ ပြန်ကျသွားပါလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် (YinLuck Shinawatra) က ပြောလိုက်ပါတယ်။ ကြီးနေတဲ့ ရေမျက်နှာပြင်ဟာ အမြင့်ဆုံးကိုရောက်နေပြီး ရှေ့သီတင်းပတ်ထဲမှာ ရေပြန်ကျပါလိမ့်မယ်လို့ ဝန်ကြီးချုပ်ယင်းလပ် က နိုင်ငံတော်ကို အပတ်စဉ်ပြောတဲ့ မိန့်ခွန်းထဲမှာ ပြောကြားထားတာပါ။

တချိန်တည်းမှာပဲ ဘန်ကောက်မြို့တော်ထဲမှာ နေထိုင်ကြသူတွေဟာ ရေဘေးလွတ်ရာ သွားနိုင်ကြဖို့ လေဆိပ်မှာစုပြုံနေကြသလို ရထားဂိတ်တွေ၊ ကားဂိတ်တွေမှာလည်း လူတွေ အပြည့်ဖြစ်နေပါတယ်။ အစိုးရက ရုံးပိတ်ရက် ၅ ရက် သတ်မှတ်ထားတဲ့အတွက် တချို့ကလည်း ကိုယ်တိုင်ကားမောင်းပြီး ဘန်ကောက်မြို့ထဲကနေ ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ကုန်းမြင့်ပိုင်းဖြစ်တဲ့ တောင်ပိုင်းဒေသတွေဘက်ကို အများအပြား သွားနေကြတာ ဖြစ်ပါတယ်။ လူတွေ သေဆုံးရတဲ့အထိဖြစ်နေတဲ့ ရေကြီးမှုကို အမေရိကန် ရဟတ်ယာဉ် ၂ စင်း သုံးပြီး ဆန်းစစ်နိုင်ဖို့ ထိုင်းနိုင်ငံအတွက် အဓိကကျတဲ့ဆိပ်ကမ်းမှာ အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို ဆက်ပြီးနေပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတယ်လို့ ပင်တဂွန် (Pentagon) စစ်ဌာနချုပ်က ပြောပါတယ်။

XS
SM
MD
LG