သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒဏ် ကာကွယ်နိုင်မယ့်အရေး ထိုင်းဝန်ကြီးချုပ် အကောင်းမြင်

Bangkok residents wade through deep floodwaters in Bangkok, Thailand, Sunday, Oct. 30, 2011. Thailand's prime minister is expressing optimism that Thailand's worst flooding in a half-century will mostly spare Bangkok. (AP Photo/Sakchai Lalit)
Bangkok residents wade through deep floodwaters in Bangkok, Thailand, Sunday, Oct. 30, 2011. Thailand's prime minister is expressing optimism that Thailand's worst flooding in a half-century will mostly spare Bangkok. (AP Photo/Sakchai Lalit)

ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် ဘန်ကောက်မြို့တော်အနေနဲ့ နောက်ထပ် ဘယ်လို ပျက်စီးဆုံးရှုံးမှုကိုမဆို ကာကွယ်တားဆီးနိုင်လိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ဒီကနေ့ အကောင်းမြင် ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့ တော်က ရေမြောင်းတချို့ ရေပြည့်ရေလျှံ ဖြစ်နေချိန်မှာပဲ ဝန်ကြီးချုပ်ယင်းလပ်က ဒီအရေးမှာ ထိုင်းနိုင်ငံသားတွေအနေနဲ့ အစိုးရရဲ့ ကိုင်တွင်ဖြေရှင်းနိုင်မှု အရည်အချင်းအပေါ် ယုံကြည်မှုရှိကြဖို့ ပြောဆိုလိုက်ပါတယ်။

စနေနေ့က ဘန်ကောက်ရဲ့ မြောက်ဘက်ရပ်ကွက်တွေနဲ့ ပတ်ဝန်းကျင်ကျေးလက်ဒေသတွေ သုံးပုံတစ်ပုံဟာ ရေအောက်မှာ နစ်မြှုပ်နေကြပါတယ်။ ထိုင်းပင်လယ်ကွေ့က ရေလှိုင်းကြီးတွေက ဘန်ကောက်မြို့ထဲက ကျောက်ဖယားမြစ်ထဲကို ရေတွေအလုံးအရင်းနဲ့ ရိုက်တင်နေတာကြောင့် ကျောက်ဖယားမြစ်ကမ်းဒေသ တဝိုက်မှာ တနင်္လာနေ့အထိ ရေတွေတင်နေဦးမှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ်က အဆောက်အဦးတွေမှာတော့ သဲအိတ်တွေ ပတ်ပတ်လည်ကာရံထားကြပေမဲ့ ဘန်ကောက်ရဲ့ အထင်ကရ ဘုရင့်နန်းတော်တဝိုက်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာနေရာတွေမှာ လျှံတက်လာတဲ့ ကျောက်ဖယားမြစ်ရေတွေ ရောက်ရှိနေပါပြီ။

ဘန်ကောက်မြို့သူမြို့သားတွေ ထောင်သောင်းချီပြီး ရရာ ယာဉ်၊ ရထား၊ ကားတွေနဲ့ မြို့ကြီးကို စွန့်ခွာပြီး မြေမြင့်ပိုင်း မြို့တောင်ဘက်ကို ရှေ့ရှုသွားနေကြတာမှာ ဝါးဖေါင်တွေပါဖွဲ့ပြီး ခရီးနှင်နေကြတာကို တွေ့နေကြရပါတယ်။ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဟာ ထိုင်းနိုင်ငံမှာ ပြီးခဲတဲ့ ဇူလိုင်လက စတင်ဖြစ်ပေါ်လာခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်တွေအရ ခုချိန်ထိ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၃၈၀ ကျော် ရှိခဲ့ပါပြီ။

This item is part of
XS
SM
MD
LG