သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ


၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ
၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ

ထိုင်း၊ မြန်မာ နယ်စပ်နားမှာ ထိုင်းစစ်ရဟတ်ယာဉ်တစီး ဒီကနေ့ ပျက်ကျခဲ့လို့ ထိုင်းစစ်သား ၃ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ အခုတလော ထိုင်း၊ မြန်မာ နယ်စပ်နားမှာပဲ ထိုင်းစစ်ရဟတ်ယာဉ်တွေ ပျက်ကျတာ ၃ စီး ရှိသွားပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်မှာ ပါသွားသူတွေရဲ့ အလောင်းတွေကို သယ်ဆောင်ဖို့ ထပ်သွားတဲ့တစီး ဒီကနေ့ ပျက်ကျတာပါ။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်ရဟတ်ယာဉ်မှူး ၂ ဦးနဲ့ စက်ပြင် ၂ ဦး ပါသွားပြီး တဦးပဲ အသက်ရှင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပါဆိုရင် ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် ၃ စီးမှာ ပါဝင်ခဲ့သူတွေ သေဆုံးတာ ၁၇ ဦး ရှိသွားပါပြီ။

ဒီကနေ့ပျက်ကျတာက Bell 212 အမျိုးအစား စစ်ရဟတ်ယာဉ် ဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်အနီးက ထိုင်းဘေးမဲ့ကြိုးဝိုင်း သစ်တောအတွင်းမှာ မီးလောင်နေတဲ့ ရဟတ်ယာဉ်ရဲ့ ပုံကို ထိုင်းနိုင်ငံ ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။ ဒီကနေ့ ပျက်ကျခဲ့တဲ့ အချိန်မှာ ရာသီဥတုက ပုံမှန်အခြေအနေပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ပျက်ကျခဲ့တဲ့ စစ်ရဟတ်ယာဉ်မှာ ထိုင်းစစ်သား ၅ ဦး သေဆုံးခဲ့ပြီး အဲဒီလူတွေရဲ့ အလောင်းတွေကို သယ်ဖို့သွားတဲ့ နောက်ရဟတ်ယာဉ် တစီးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တခါပျက်ကျတော့ အဲဒီမှာ ထိုင်းစစ်သား ၈ ဦးနဲ့ ရုပ်မြင်သံကြား ကင်မရာသမားတဦး သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG