သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း NRC ကပယ်ချ


ထိုင်းနိုင်ငံ၊ လွှတ်တော်၊ အမျိုးသား ပြန်လည်တည်ဆောက်ရေးကောင်စီ အစည်းအဝေးမြင်ကွင်း။
ထိုင်းနိုင်ငံ၊ လွှတ်တော်၊ အမျိုးသား ပြန်လည်တည်ဆောက်ရေးကောင်စီ အစည်းအဝေးမြင်ကွင်း။

ထိုင်းစစ်တပ်ရဲ့ NRC လို့ခေါ်တဲ့ အမျိုးသားပြန်လည်တည်ဆောက်ရေးကောင်စီက အသစ်ရေးဆွဲတင်ပြလာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်မခံခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းစီ ပြန်လည်သွားရောက်မယ့် အရေးဟာ နှောင့်နှေးခဲ့ရပြီဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ၁၃၅ မဲ ၁၀၅ မဲနဲ့ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်တာပါ။ ထောက်ခံမဲ ၁၂၄ မဲ ရရှိမှသာဒီဖွဲ့စည်းပုံအသစ်ကို အတည်ပြုနိုင်မှာဖြစ်ပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် ၇ ဦးကတော့ ဘယ်ဘက်ကိုမှ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ ထိုင်းအာဏာသိမ်းအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၆ လ အတွင်း ရေးဆွဲဖို့ ကော်မတီသစ်တရပ်ကို ထပ်မံ ဖွဲ့စည်းပေးမှာဖြစ်ပြီး ဒီဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်လို့ လူထုဆန္ဒခံယူပွဲမကျင်းပမီမှာ NRC က အတည်ပြုပေးရမှာပါ။ ဒီအခြေအနေအရ လာမယ့် ၂၀၁၇ ခုနှစ်ဧပြီလလောက်မှာရွေးကောက်ပွဲကျင်းပကောင်း ကျင်းပနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခုတင်ပြလာတဲ့ ဖွဲ့စည်းပုံဥပဒေကို NRC အနေနဲ့ အတည်ပြုပေးခဲ့လျင် ရွေးကောက်ပွဲကို လာမယ့် ၂၀၁၆ ခုနှစ် အကုန်ပိုင်းမှာကျင်းပဖို့ အာဏာသိမ်း အစိုးရက စီစဉ်ထားတာပါ။

တိုင်းပြည်မှာ အခြေအနေအကြပ်အတည်း ပေါ်လာတဲ့အခါမှာ စစ်တပ်ကအများစုပါဝင်တဲ့ ၂၃ ဦးပါ အဖွဲ့ကနေ နိုင်ငံအာဏာကို လွှဲပြောင်းရယူခွင့်ကို ထည့်သွားထားတာကြောင့်ဒီဥပဒေသစ်ဟာ စစ်တပ်ကို အာဏာပိုပေးထားတယ်ဆိုပြီး နိုင်ငံရေးပါတီ အတော်များများက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်မေလကတည်းက အာဏာသိမ်းယူခဲ့တဲ့ ထိုင်းစစ်တပ်ဟာ ဝန်ကြီးချုပ် Yingluck Shinawatra ကို ဖြုတ်ချပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရဲ့အကို Thaksin Shinawatra ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ကတည်းက ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီးနောက် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG