သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ မြန်မာလူကုန်ကူးသူတွေ ဖမ်းဆီးမိ


ထိုင်းမှာ မြန်မာလူကုန်ကူးသူတွေ ဖမ်းဆီးမိ
ထိုင်းမှာ မြန်မာလူကုန်ကူးသူတွေ ဖမ်းဆီးမိ

ဇူလိုင်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ ရောင်းစားခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၆ ယောက်ကို ထိုင်းရဲတွေက ကယ်ဆယ်ခဲ့ရပါတယ်။ လူကုန်ကူးသူတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့နဲ့ လမ်းပမ်းမြို့သွားတဲ့ အိမ်ခန်းတခုမှာ အသက် ၃ နှစ်အရွယ်ကနေ အသက် ၁၄ နှစ်အရွယ်ကြားမှာ ရှိတဲ့ ကလေးငယ်တွေကို လူပွဲစားလို့ ရဲက စွပ်စွဲခံထားရသူတွေ လက်ထဲမှာ တွေ့ရှိခဲ့တာပါ။ သင်္ကာမကင်းတဲ့ အိမ်ခန်းတခုကို ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၃ ဦးနဲ့အတူ ကလေးငယ် ၆ ဦးကို ဖမ်းမိပြီးတဲ့နောက် ဒီကလေးတွေဟာ လူကုန်ကူးခံရတဲ့ ကလေးတွေဖြစ်ကြောင်း ထိုင်းရဲက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ချင်းမိုင်ခရိုင် အမှတ် ၅ ရဲစခန်း ရုံးချုပ်က ရဲအရာရှိ အဖိချာ့ဒ် ပြောပြတာကတော့…

“ဖမ်းဆီးခံရတဲ့အချိန်မှာ မြန်မာနိုင်ငံသား ၃ ဦးဖြစ်တဲ့ ဦးတင်ဝင်း၊ ဒေါ်ရွှေကြည်နဲ့ မချို ဆိုတဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသားတဦးကို တွေ့ခဲ့ရပြီး အသက် ၃ နှစ်ကနေ ၁၄ နှစ်ကြားမှာရှိတဲ့ ကလေးတွေဟာ သူတို့ကလေးတွေလို့ ပြောပေမဲ့ စစ်ဆေးလိုက်တဲ့ အခါမှာတော့ သူတို့ကလေးတွေ မဟုတ်ဘူးဆိုတာ သိရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သေချာအောင် စုံစမ်း စစ်ဆေးသွားဦးမယ်လို့ ဆိုပါတယ်။”

အခုဖမ်းမိတဲ့ ဦးတင်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ တောင်းရမ်း စားသောက်ဖို့အတွက် ဇင်းမယ်မြို့ကို ခိုးသွင်းနေတဲ့ အဖွဲ့လို့ သိထားရပြီး ကလေးတွေကို စစ်ဆေးတဲ့ အခါမှာလည်း ကလေးတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ တောင်းရမ်းစားသောက်တဲ့ အလုပ်တွေ လုပ်ပေးရပြီး ငွေရှာပေးနေရသူတွေလို့ သိရပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးတချို့ဟာ အခုလို လူကုန်ကူးခံရရုံသာမက လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေပါ ခံရတာကြောင့် လူပွဲစားတွေကို လူကုန်ကူးမှုအပြင် တခြားအမှုတွေနဲ့ပါ အရေးယူ ဆောင်ရွက်ဖို့ရှိကြောင်း ရဲအဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့ဟာ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်တဲ့မြို့ ဖြစ်တဲ့အတွက် ကလေးတွေကို တောင်းရမ်းစားသောက်ဖို့၊ လိင်လုပ်ငန်းခွင်တွေမှာ ရောင်းစားဖို့အတွက် လူကုန်ကူးသူတွေက မြန်မာနိုင်ငံဘက်က ခိုးသွင်းလာခဲ့ကြတာပါ။ တချို့ဆိုရင် အရွယ်မရောက်သေးတဲ့ အမျိုးသား ကလေးငယ်တွေဟာလည်း လိင်လုပ်ငန်းခွင်တွေမှာ ရောင်းစားခံရမှုတွေ ရှိနေပါတယ်။

အခု လူပွဲစားတွေ လက်ထဲက ကယ်ထုတ်လာခဲ့တဲ့ ကလေးတွေကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က စောင့်ရှောက်ရေးဂေဟာတခုမှာ ထားပြီး သူတို့ရဲ့ အနိုင်ကျင့်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လူပွဲစားတွေကိုတော့ ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့အတွက် စီစဉ် ဆောင်ရွက်နေကြောင်း ရဲအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG