သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံထဲ မြန်မာ့အရေးလှုပ်ရှားမှုတွေ ထိုင်းစောင့်ကြည့်နေ


ထိုင်း-မြန်မာနယ်စပ်မှတဆင့် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများ
ထိုင်း-မြန်မာနယ်စပ်မှတဆင့် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများ

ထိုင်းနိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး လောလောဆယ်မှာတော့ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးမရှိသေးဘူးလို့ ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang ကပြောကြားခဲ့ပါတယ်။ အဲဒီလို မြန်မာစစ်တပ်ကို ဆန့်ကျင်လှုပ်ရှားနေသူတွေကို မြန်မာနိုင်ငံက တခြားရွှေ့ပြောင်းလာသူတွေလို တန်းတူထား မကိုင်တွယ်သင့်ဘူးလို့ ကာကွယ်ရေးဝန်ကြီး Sutin Klungsang က မနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းမှာ ရေးပါတယ်။

ထိုင်းနိုင်ငံမှာအခြေစိုက်ပြီး စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေမှုတွေဟာ လက်ရှိအချိန်မှာ စိုးရိမ်ရတဲ့အနေအထား မရှိကြောင်း၊ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာကြတဲ့ ကျေးလက်ဒေသက လူတွေရဲ့ အရေအတွက်ဟာလည်း သိပ်မများကြောင်း၊ သူတို့ဟာ မကြာခင်မှာ မြန်မာပြည်ကို ပြန်သွားကြမှာြဖစ်ကြောင်းလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အရွယ်ရောက်ပြီးတဲ့ လူငယ်တိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်တပ်က ထုတ်ပြန်လိုက်ပြီးတဲ့ နောက်ပိုင်းမှာလည်း ထိုင်းနိုင်ငံထဲကို လူတွေ သိသိသာသာတိုးဝင်လာတာ မရှိဘူးလို့ သူက ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ဖို့ ရွေ့ပြောင်းလာကြတဲ့ မြန်မာတွေသာ ရေရှည်နေထိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ Tak ပြည်နယ်အတွင်း ရောက်ရှိနေစဉ် ကာကွယ်ရေးဝန်ကြီးက မနေ့ သောကြာနေ့မှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာသူတိုင်းဟာ စစ်ကောင်စီကို ဆန့်ကျင်သူတွေ မဟုတ်ကြောင်း၊ လူတိုင်းကို အဲဒီလို အမြင်နဲ့ကြည့်ရင် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG