သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှလူမျိုးနှစ်ဦး သတ်ခံရမှု မြန်မာနှစ်ဦး ရုံးပြန်ထုတ်


Myanmar Thailand
Myanmar Thailand

ထိုင်းနိုင်ငံက အပန်းဖြေကျွန်းတခုမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို သတ်မှုနဲ့ စွပ်စွဲပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အသက် ၂၂ အရွယ် မြန်မာအလုပ်သမားတွေ ဖြစ်ကြတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းကပဲ အဖမ်းခံထားရတာပါ။

ဗြိတိန်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားတွေ ဖြစ်ကြတဲ့ အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ကို သတ်ဖြတ်ခဲ့တဲ့အကြောင်း သူတို့ ၂ ဦးစလုံးက အစောပိုင်းမှာ ဝန်ခံထားပေမဲ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေရဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေကြောင့်ဆိုပြီး တရားရုံးမှာ ပြင်ဆင်ထွက်ဆိုထားပြီး အမှုကို ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ဖိအားပေးခြိမ်းခြောက်မှု မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ အသတ်ခံခဲ့ရတဲ့ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသွား စုံတွဲရဲ့ အလောင်းတွေကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ Koh Tao အပမ်းဖြေကျွန်း ကမ်းခြေမှာ တွေ့ရှိခဲ့တာပါ။ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမား လူငယ် ၂ ယောက်ရဲ့ အကျိုးဆောင် ရှေ့နေတွေကတော့ မျိုးရိုးဗီဇ DNA နမူနာတွေအပါအဝင် အထောက်အထားတွေကို ပြန်လည်စစ်ဆေးဖို့ ဒီလဆန်းမှာပဲ တရားရုံးမှာ လျှောက်လဲထားပါတယ်။

ဒီကနေ့ တရားရုံးထုတ် စစ်ဆေးရာမှာတော့ သူတို့ ၂ ဦးရဲ့ မိသားစုတွေကလည်း လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

XS
SM
MD
LG