သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက လွတ်မြောက်လာသူ တရုတ် ၉၀၀ ခန့် ထိုင်းကတဆင့်ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးစဥ်။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/VOA)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးစဥ်။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/VOA)

မြန်မာနိုင်ငံ နယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေမှာ ပိတ်မိနေခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေထဲက ၉၀၀ လောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို လွှဲပြောင်းရာမှာ ကူညီပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ကနေ စနေနေ့အထိ မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ လေယာဉ်ကွင်းကို တရုတ်နိုင်ငံသားတွေ ပို့ဆောင်ပေးခဲ့ပြီး၊ မဲဆောက်လေယာဉ်ကွင်းကတဆင့် တရုတ်နိုင်ငံလေယာဉ်တွေနဲ့ ပြန်ခေါ်သွားခဲ့ကြတာပါ။ မြန်မာ၊ ထိုင်းနဲ့ တရုတ် ၃ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး၊ အတင်းအကျပ်ဆောင်ရွက်တာ မဟုတ်ဘဲ စာနာမှုနဲ့ လုပ်ခဲ့တာလို့လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။

၃ ရက်ကြာ အစီအစဉ်မှာ လေယာဉ်နဲ့ ၁၅ ခေါက် ပို့ဆောင်ခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် Surachae Hakparn ကပြောပါတယ်။ တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံကတဆင့် လွှဲပြောင်းပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေက တစုံတရာ ပြောဆိုတာတော့ မရှိပါဘူး။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတချို့က ဥပဒေစိုးမိုးမှု အားနည်းတဲ့ နယ်မြေတွေမှာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက လိမ်လည်ခိုင်းစေတာ အပါအဝင် ရာဇဝတ်မှု ကျုးလွန်မှုတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေက အလုပ်ရှာဖွေသူတွေ သားကောင်ဖြစ်ခဲ့ကြရပြီးနောက် တရုတ်အစိုးရနဲ့ တခြားနိုင်ငံတွေကပ နှိမ်နင်းမှုတွေ အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG