သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံက မြန်မာအများစု အလုပ်လုပ်နေတဲ့ သင်္ဘောကျင်းမီးလောင်၊ တဦးသေ


ထိုင်းနိုင်ငံ Samut Songkhram (စမွတ်ဆွန်ခရမ်) ခရိုင်မှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက ရေနံတင်သင်္ဘော 'Smooth Sea 22' မီးလောင်ပြီး မီးခိုးလုံးတွေတက်နေတာကို တွေ့ရစဉ်
ထိုင်းနိုင်ငံ Samut Songkhram (စမွတ်ဆွန်ခရမ်) ခရိုင်မှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက ရေနံတင်သင်္ဘော 'Smooth Sea 22' မီးလောင်ပြီး မီးခိုးလုံးတွေတက်နေတာကို တွေ့ရစဉ်

ထိုင်းနိုင်ငံ Samut Songkhram (စမွတ်ဆွန်ခရမ်) ခရိုင်မှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရေနံတင်သင်္ဘောတစီးမီးလောင်တာကြောင့် အနည်းဆုံးလူ ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတခုမှာတော့ ဘန်ကောက်မြို့တော် အနောက်တောင်ဘက်မှာ စခန်းချထားတဲ့ ရေနံတင်သင်္ဘော 'Smooth Sea 22' မီးလောင်ပြီး မီးခိုးလုံးတွေတက်နေတာကို တွေ့ရပါတယ်။ သင်္ဘောမီးမလောင်ခင်က ကျယ်လောင်တဲ့ ပေါက်ကွဲသံကို အနီးအနားဝန်းကျင်က ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ဘာကြောင့် ပေါက်ကွဲမှုဖြစ်ရသလဲဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။ မီးလောင်မှုကြောင့် လူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရပြီး ၇ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အချိန်က ဒီသင်္ဘောကို ပြန်ပြုပြင်နေတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ အများစုက မြန်မာနိုင်ငံသား ဂဟေဆော်တဲ့အလုပ်သမားတွေဖြစ်တယ်လို့ စမွတ်ဆွန်ခရမ်ခရိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရုံးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]



XS
SM
MD
LG