(Zawgyi / Unicode)
ထိုင္းႏိုင္ငံေတာင္ပိုင္း အပန္းေျဖကမ္းေျခ ပတၱယားၿမိဳ႕က စီးပြားေရးနဲ႔ပတ္သက္တဲ့ အေဆာက္အဦတခုကို စေနေန႔ မနက္လင္းခါနီးအခ်ိန္္ ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းခဲ့ရာမွာ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံသား အမ်ားစုပါဝင္တဲ့ လူ ၁၆ ဦးကို တရားမဝင္ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိပါတယ္။
ညဥ့္နက္အထိ ပါတီပြဲေတြ မၾကာခဏ က်င္းပေလ့ ရွိၾကတယ္လို႔ အနီးပတ္ဝန္းက်င္က ေဒသခံေတြရဲ႕ တိုင္ၾကားခ်က္အရ လူဝင္မႈႀကီးၾကပ္ေရး ရဲတပ္ဖြဲ႔ဝင္ေတြက ဝင္ေရာက္ စီးနင္းခဲ့တာလို႔လည္း ထိုင္းႏိုင္ငံထုတ္ ဘန္ေကာက္ပို႔စ္သတင္းစာက ေဖာ္ျပပါတယ္။
ရဲတပ္ဖဲြ႔ဝင္ေတြ ေရာက္ရွိတဲ့အခ်ိန္မွာ က်ယ္ေလာင္တဲ့ ဂီတသံေတြ ၾကားရၿပီး Ketamine မူးယစ္ေဆးဝါးေတြနဲ႔အတူ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၅ ဦးနဲ႔ အမ်ိဳးသမီး ၃ ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီး ၅ ဦးတို႔နဲ႔အတူ ထိုင္းအမ်ိဳးသမီး ၂ ဦးကိုလည္း ဖမ္းဆီးမိခဲ့ေၾကာင္း ဓာတ္ပုံနဲ႔တကြ ေဖာ္ျပခဲ့တာပါ။
ဖမ္းဆီးမိတဲ့သူအားလုံးကို မူးယစ္ေဆးဝါး သုံးစြဲထားျခင္းရွိမရွိ ဆိုတာကို ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ိုမွာ စစ္ေဆးေနၿပီး ဥပေဒေၾကာင္းအရ အေရးယူဖို႔လည္း စီစဥ္ထားပါတယ္။
----------------------------
(Unicode)
ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ မြန်မာအပါအဝင် လူ ၁၆ ဦး မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေကမ်းခြေ ပတ္တယားမြို့က စီးပွားရေးနဲ့ပတ်သက်တဲ့ အဆောက်အဦတခုကို စနေနေ့ မနက်လင်းခါနီးအချိန် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံသား အများစုပါဝင်တဲ့ လူ ၁၆ ဦးကို တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။
ညဉ့်နက်အထိ ပါတီပွဲတွေ မကြာခဏ ကျင်းပလေ့ ရှိကြတယ်လို့ အနီးပတ်ဝန်းကျင်က ဒေသခံတွေရဲ့ တိုင်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းခဲ့တာလို့လည်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိတဲ့အချိန်မှာ ကျယ်လောင်တဲ့ ဂီတသံတွေ ကြားရပြီး Ketamine မူးယစ်ဆေးဝါးတွေနဲ့အတူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့ အမျိုးသမီး ၅ ဦးတို့နဲ့အတူ ထိုင်းအမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာပါ။
ဖမ်းဆီးမိတဲ့သူအားလုံးကို မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိမရှိ ဆိုတာကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ စစ်ဆေးနေပြီး ဥပဒေကြောင်းအရ အရေးယူဖို့လည်း စီစဉ်ထားပါတယ်။