သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံသယရှိသူ ၂ ဦး ဘန်ကောက်ဗုံးခွဲမှုနဲ့ မပတ်သက်


ဗုံးခွဲမှုအတွက် အဓိက သံသယရှိသူ။
ဗုံးခွဲမှုအတွက် အဓိက သံသယရှိသူ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ လွန်ခဲ့တဲ့သုံးရက်က ဗုံးဖောက်ခွဲခဲ့တဲ့ဖြစ်ရပ် အတွက် သံသယရှိသူတွေ အဖြစ် ပြောထားတဲ့ လူ နှစ်ဦးဟာ ဗုံးဖောက်ခွဲမှုနဲ့ မပတ်သက်ဘူးဆိုတာ သေချာသလောက်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောလိုက်ပါ တယ်။

ဗုံးခွဲမှုအတွက် အဓိကသံသယရှိသူရဲ့ရှေ့မှာ အဲဒီလူနှစ်ဦးရပ်နေတာကို လုံခြုံရေး ကင်မရာတွေကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုမှာ တွေ့ရတာပါ။ အဓိက သံသယရှိထားသူဟာ လူစည်ကားတဲ့ ဧရာဝဏ် နတ်ဘုရားကျောင်းက ခုံတခုအောက် မှာ ကျောပိုးအိတ်ကို ဖြုတ်ပြီး ချသွားခဲ့ပြီး တဲ့နောက် ပေါက်ကွဲ မှုဖြစ်တာပါ။ သူတို့သုံးယောက်ဟာ ကြံရာပါတွေဖြစ်တယ်လို့ ရဲက ယုံကြည်ခဲ့ပါတယ်။

အဲဒီနှစ်ယောက်ထဲက တယောက်ဟာ ကြာသပတေးနေ့က ရဲတပ်ဖွဲ့ဆီကို ကိုယ်တိုင် သွားရောက်ခဲ့တာပါ။ သူဟာ ဧည့်လမ်းညွှန်တယောက်ဖြစ်ပြီး နောက်တယောက်က တရုတ် ကမ္ဘာလှည့်ခရီးသည်ဖြစ်တယ်လို့ အဲဒီလူက ပြောတဲ့ အကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ Prawut Thavornsiri ကပြောပါတယ်။ ပေါက်ကွဲ မှုဖြစ်ပြီး တဲ့နောက် တရုတ် ကမ္ဘာလှည့်ခရီးသည် ဟာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပါပြီ။

အခုနောက်ဆုံးပေါ်လာတဲ့ အခြေအနေကြောင့် ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တာ သုံးရက်ကြာပြီးတဲ့နောက် ဘာသဲလွန်စမှ မရသေးဘဲဖြစ်သွားပါတယ်။

ကြာသပတေးနေ့တုန်းကတော့ ဗုံးခွဲသူလို့ သံသယဖြစ်ထားသူ ကို ပေါက်ကွဲမှုဖြစ် တဲ့နေရာကနေ တခြားတနေရာ မောင်းပို့ပေးခဲ့တဲ့ အငှားသုံးဘီး tuk-tuk ကားမောင်းသူကို ရဲက မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းမှုနဲ့ ဆိုင်တဲ့ နောက်ထပ် သတင်းအချက်အလက် တွေ ဒီကနေ့ ထပ်သိရမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG