သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း လူသတ်မှုဖြင့် တရားစွဲခံရ


 ထိုင်းဝန်ကြီးဟောင်း အဖီဆစ် တရားခွင်ကို လာရောက်ကြားနာ ( ဒီဇင်ဘာ ၁၂၊ ၂၀၁၃)
ထိုင်းဝန်ကြီးဟောင်း အဖီဆစ် တရားခွင်ကို လာရောက်ကြားနာ ( ဒီဇင်ဘာ ၁၂၊ ၂၀၁၃)
ထိုင်းနိုင်ငံမှာ ၂၀၁၀ တုန်းက ဆန္ဒပြသူတွေကို စစ်တပ်က နှိမ်နင်းရာမှာ ဆန္ဒပြသူ ၂ ဦးကို သတ်ဖြတ်မှုနဲ့ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိဇာဇီဝကို တရားစွဲဆိုခဲ့ပါတယ်။ ရှပ်နီဝတ် ဆန္ဒပြသူအများစုပါတဲ့ လက်နက်မပါတဲ့လူအုပ်ကို သေနတ်နဲ့ ပစ်ခတ်ဖို့ လုံခြုံရေးတာဝန်ခံတွေကို မစ္စတာအဘီဆစ်က အမိန့်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲနှိမ်နင်းမှုမှာ သေဆုံးသူက ၉၀ လောက်ရှိခဲ့တာပါ။

အဲဒီတုန်းက ၂၀၀၆ခုနှစ်ထိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ ဝန်ကြီးချုပ် Thaksin Shinawatra ကို ထောက်ခံတဲ့ ရှပ်နီဝတ်ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့လယ်မှာ စခန်းချဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့ တရားရုံး ကနေ အာမခံနဲ့ ပြန်ထွက်လာတဲ့ မစ္စတာအဘီဆစ်ကို အဲဒီအချိန်က သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တချို့က လူသတ်သမားလို့ အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။

မစ္စတာအဘီဆစ်ကတော့ ဒီပြစ်မှုကို သူ မကျူးလွန်ကြောင်းငြင်းဆိုပြီး ဒါဟာ နိုင်ငံရေးအရ အတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
မစ္စတာ အဘီဆစ်ဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်ပြီး သူတို့ပါတီက သတ်ဆင်ရဲ့ ညီမ လက်ရှိဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကို ဆန့်ကျင်တဲ့ ထိုင်းနိုင်ငံတွင်း အခုဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာဖြစ်ပါတယ်။

၂၀၁၀ ဆန္ဒပြသူတွေကို နှိမ်နင်းမှုနဲ့ အမှုရင်ဆိုင်နေရသူနောက်တဦးကတော့ အရင်ဒုဝန်ကြီးချုပ် ဆူသက် သောင်ဆူဘန် (Suthep Thaungsuban) ဖြစ်ပြီး သူကတော့ အခုဆန္ဒပြပွဲတွေကို ဦးဆောင်ဖို့ ဒီမိုကရက်တစ်ပါတီကနေ အနားယူခဲ့ပါတယ်။

ဆန္ဒပြသူတွေတောင်းဆိုနေတဲ့ ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်း ခိုင်းနေမှုတွေကို မစ္စရင်လတ်က ငြင်းဆိုပေမယ့် လွှွတ်တော်ကို ဖျက်သိမ်းပေးပြီး ဖေဖေါ်ဝါရီလထဲမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဆိုပါတယ်။
XS
SM
MD
LG