သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရနုတ်ထွက်ရေး လူထုဆန္ဒခံဖို့ ဝန်ကြီးချုပ်အဆိုပြု


 African Cup Drawing Lots
African Cup Drawing Lots
ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ရည်ရွယ်ပြီးတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က လူထုဆန္ဒခံယူပွဲတရပ်ကျင်းပဖို့ ဒီကနေ့ပဲ အဆိုပြုသွားပါတယ်။ အဲဒီမှာမှ သူ့ကို လူထုက အလိုမရှိဘူးဆိုတာ သိရရင် သူ ရာထူးက နုတ်ထွက်ပေးပါမယ်လို့လည်း ပြောသွားပါတယ်။

လူထုဆန္ဒခံယူပွဲကို ဘယ်လိုကျင်းပမှာလဲ၊ အသေးစိတ် ဘာကိုမှ ပြောမသွားပေမယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်စေရပါမယ်လို့ ပြောသွားပါတယ်။

တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေက အရှိန်ကောင်းကောင်းနဲ့ ဆက်ပြီးတော့ ပေါ်ပေါက်နေတာပါ။ သူတို့အဆို တရားမဝင်တဲ့အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ လွှတ်တော်ကနေ နုတ်ထွက်မယ်လို့ ထိုင်းရဲ့အဓိက အတိုက်အခံပါတီက တနင်္ဂနွေနေ့ ဒီကနေ့မှာပဲ ကြေညာသွားပါတယ်။

သူတို့ပါတီဟာ ဘယ်သူကမှ လက်မခံတော့တဲ့ ဥပဒေပြုအဖွဲ့အစည်းနဲ့အတူ အလုပ်မလုပ်နိုင်တော့ဘူးလို့ ဒီမိုကရက်ပါတီ ပြောခွင့်ရသူက ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ မနက်ဖြန် တနင်္လာနေ့မှာ အကြီးအကျယ်ဆန္ဒဆက်ပြဖို့ နှိုးဆော်ထားပါတယ်ရှင်။
XS
SM
MD
LG