သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပါလီမန် တနင်္လာနေ့ စတင်မည်

ထိုင်းပါလီမန် တနင်္လာနေ့ စတင်မည်
ထိုင်းပါလီမန် တနင်္လာနေ့ စတင်မည်

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေထဲ အနည်းအကျဉ်းကလွဲလို့ အားလုံးကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးလိုက်ပြီ ဖြစ်တာကြောင့် တနင်္လာနေ့မှာ လွှတ်တော် အစည်းအဝေးတွေ စပြီး ကျင်းပဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

အနိုင်ရ ဖွေထိုင်း (Pheu Thai) ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်သူ ယင်လပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ကို ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဒီသီတင်းပတ် မကုန်ခင်မှာ လွှတ်တော်က ရွေးကောက် တင်မြှောက်မယ်လို့ ခန့်မှန်းရပါတယ်။

အနိုင်ရ ကိုယ်စားလှယ် ၉၄ ယောက်ကို ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အတည်ပြုပေးခဲ့တာကြောင့် အနိုင်ရသူ ၅၀၀ ထဲမှာ အတည်ပြုပေးဖို့ ၄ ယောက်ပဲ ကျန်ပါတော့တယ်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော်ခေါ်ယူနိုင်ဖို့အတွက် ကိုယ်စားလှယ် ၉၅% ထက် မနည်းကို အတည်ပြုပေးဖို့ လိုအပ်ပါတယ်။

အတည်ပြုပေးဖို့ ကျန်နေသေးသူတွေထဲမှာ ပြီးခဲ့တဲ့နှစ်က ရှပ်နီ ဆန္ဒပြပွဲတွေရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာတူပွန် ပရွမ်ဖန် (Jatuporn Promphan) လည်း ပါနေပါတယ်။

ယင်လပ်ခ် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG