သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ


O realizador Alejandro Inarritu recebe o prémio mais esperado da noite o Oscar para Melhor Filme "Birdman"
O realizador Alejandro Inarritu recebe o prémio mais esperado da noite o Oscar para Melhor Filme "Birdman"
ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့မှာ နိုင်ငံတော်ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကြန့်ကြာနေတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့လည်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြင်သစ်သတင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ရွေးကောက်ပွဲကို စောစောစီးစီးကျင်းပပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံမှာတွေ့နေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးအဆုံးသတ်စေဖို့အတွက် ဝန်ကြီးချုပ်ယင်လတ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် မစ္စယင်လတ်ကို သူ့ရဲ့ အကိုတော်သူ၊ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ရှုမြင်ကြပါတယ်။

နိုင်ငံရေးပဋိပက္ခဟာ ကြာသပတေးနေ့အစောပိုင်းမှာတော့ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ကြသလို ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ဒီအဓိကရုဏ်းကနေ ရဲတစ်ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာ ရခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေကြတဲ့ ဘန်ကောက်အားကစားရုံကြီးထဲကို ဆန္ဒပြသူတွေက ရဲတွေတားနေတဲ့ကြားက အတင်းဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နုတ်ထွက်ပေးဖို့တော့ မစ္စယင်လတ်က ငြင်းဆိုပါတယ်။
XS
SM
MD
LG