သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yingluck ထောက်ခံဆန္ဒပြသူတွေ အင်အားသုံးလူစုခွဲခံရ


အစိုးရအသံလွှင်ဌာနရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ အစိုးရဆန့်ကျင်သူတဦး နိုင်ငံတော်အလံကို ဝှေ့ယမ်းနေစဉ်။ (မေ ၉၊ ၂၀၁၄)
အစိုးရအသံလွှင်ဌာနရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ အစိုးရဆန့်ကျင်သူတဦး နိုင်ငံတော်အလံကို ဝှေ့ယမ်းနေစဉ်။ (မေ ၉၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာတော့ ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ အစိုးရတရပ်ထူထောင်ဖို့ အစိုးရဆန့်ကျင်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတာကို တုံ့ပြန်တဲ့အနေနဲ့ ဖြုတ်ချခံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့ဟာ ဘန်ကောက်မြို့တော် အနောက်ဘက်ခြမ်းမှာ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။

အစိုးရဆန့်ကျင်သူ လူအုပ်တွေက ရုပ်မြင်သံကြားဌာနတွေ၊ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ အားထုတ်ခဲ့ကြပြီး နောက်တနေ့မှာပဲ မစ္စ်ယင်းလပ်ကို ထောက်ခံသူတွေ ထွက်ခဲ့ကြတာပါ။ ဆန့်ကျင်သူတွေရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းအရ ရွေးချယ်ထားတဲ့အစိုးရကို အတင်း အဓမ္မဖယ်ရှားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အစိုးရလုံခြုံရေးဌာနကို ဆန္ဒပြသူတွေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းကြတဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီးတော့ လူစုခွဲခဲ့ရပါတယ်။ ထိုင်းဖွဲ့စည်းပုံ တရားရုံးက မစ္စ်ယင်းလပ်နဲ့ သူ့အစိုးရအဖွဲ့ဝင် ၉ ဦးကို ဝန်ထမ်းအကြီးအကဲခန့်အပ်တဲ့ ကိစ္စတခုမှာ ပတ်သက်မှုနဲ့ ဗုဒ္ဓဟူးနေ့မှာ ရာထူးက ဖယ်ရှားခဲ့တာပါ။

အခုအခါမှာတော့ ထိုင်းအစိုးရအဖွဲ့ကို မစ္စ်ယင်းလပ်တို့နဲ့နီးစပ်တဲ့ မဟာမိတ်တစ်ဦးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး Niwatthamrong Boonsongphaisan က ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ဦးဆောင်နေပါတယ်။
XS
SM
MD
LG