အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။
စစ်တပ်ကို တဖက်ဖက်မှာ ရပ်ဖို့ တိုက်တွန်းနေတာတွေကိုလည်း ရပ်ဖို့ စစ်တပ်အကြီးအကဲက ပြောဆိုခဲ့တာပါ။ ထိုင်းဒုတိယဝန်ကြီးချုပ် Surapong Tovichakchaikul ကတော့ ဖေဖော်ဝါရီလဆန်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေ စနေနေ့မှာ စတင်မှတ်ပုံတင်တဲ့ အချိန်မှာ လုံခြုံရေး တာဝန်ယူပေးဖို့ စစ်တပ်ကို အကူအညီတောင်းမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
သွေးထွက်သံယို ပြဿနာတွေ ပေါ်ပေါက်လာချိန်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အကြံပေးခဲ့ပေမဲ့ အိမ်စောင့်အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ် Pongthep Thepkanjana ကတော့ အစီအစဉ် အတိုင်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့မှာပဲ ရုပ်မြင်သံကြားကတဆင့် ပြောဆိုသွားပါတယ်။
နိုင်ငံရေး ပြဿနာတွေ ကြီးထွားလာနေရာက ဝန်ကြီးချုပ် Yingluck Shinawatra က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာခဲ့ပေမဲ့ ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ အတွက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။