သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စစ် ယင်းလတ်အပေါ် စွဲချက် ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်မည်


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ဘန်ကောက် ဖွဲ့စည်းပုံတရားရုံးကို ရောက်ရှိလာစဉ် (၆ မေ ၂၀၁၄)
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ဘန်ကောက် ဖွဲ့စည်းပုံတရားရုံးကို ရောက်ရှိလာစဉ် (၆ မေ ၂၀၁၄)
ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်အပေါ် အလွဲသုံးစားမှုနဲ့ စွဲဆိုထားတဲ့ကိစ္စကို ဗုဒ္ဓဟူးနေ့မှာ စီရင်ချက်ချမယ်လို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ပြော ကြားလိုက်ပါတယ်။

ပြစ်မှုထင်ရှားစီရင်ခံရရင် ရာထူးက ဖယ်ရှားခြင်း ခံရဖွယ်ရှိတဲ့ ဝန်ကြီးချုပ် ယင်းလတ်က တရားသူကြီးကို အကြွင်းမဲ့ လေးစားပါကြောင်း၊ သူ့အပေါ် စွဲဆိုထားချက်တွေ အားလုံးကို ငြင်းဆန်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။

စွဲချက်တွေဟာ ၂၀၁၁ ခုနှစ်တုန်းက အမျိုးသားလုံခြုံရေး အကြီးအကဲရာထူးကို သူကိုယ်တိုင် ရယူခဲ့တာနဲ့ ဆက်စပ်နေပြီး ဒါဟာ သူမရဲ့ ဖွေထိုင်းပါတီအကျိုးအတွက် ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရယူခဲ့တာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ထိုင်းအဂတိတိုက်ဖျက်ရေး ကော်မတီကလည်း အစိုးရ ဆန်ဝယ်ယူတဲ့ စီမံကိန်းအတွက် ဒါဟာ အလာဟသဖြုန်းတီးမှုနဲ့ အလွဲသုံးစားမှု ဖြစ်တယ်လို့ စွဲဆိုထားပါတယ်။

ဝန်ကြီးချုပ် ယင်းလတ်ဟာ ဆန့်ကျင်သူတွေရဲ့ လနဲ့ချီ ကန့်ကွက်မှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး၊ ယခုအခါ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တရားရုံးက သူ့ကို ပြစ်ဒဏ်ချလိုက်ရင်တော့ သူ့ကိုထောက်ခံသူတွေက လမ်းပေါ်ထွက်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာနိုင်ပါတယ်။
XS
SM
MD
LG