သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်အစိုးရအဖွဲ့ဝင် ၄ ဦး နိုင်ငံရေးပါတီသစ်ထောင်


ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း Prayuth Chan-ocha
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း Prayuth Chan-ocha

ထိုင်းနိုင်ငံ စစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးဟာ Palang Pracharat အမည်နဲ့ နိုင်ငံရေးပါတီသစ် ထူထောင် လိုက်ကြောင်း စနေနေ့က ကြေညာခဲ့ပါတယ်။ ဒီအတောအတွင်း သူတို့တည်ထောင်လိုက်တဲ့ နိုင်ငံရေးပါတီဟာ လက်ရှိ ဝန်ကြီးချုပ် စစ်ဗိုလ်ချုပ်ဟောင်း Prayuth Chan-ocha ကို နိုင်ငံရေးမှာ ဆက်ပြီး အာဏာရရှိရေး ကျောထောက်နောက်ခံပေးလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်လာပါတယ်။

လာမယ့် မေလမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ကတိပေးထား တာပါ။ ဒါဟာ ထိုင်းနိုင်ငံမှာ စစ်အစိုးရက လေးနှစ်ကျော်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် သူတို့အနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုပြီး ထပ်ခါတလဲလဲ အချိန်တွေရွှေ့ဆိုင်းခဲ့ရာမှာ အခုလာမယ့် မေလ မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ အရပ်သားအုပ်ချုပ်ရေးကို လွဲှပြောင်းလိမ့်မယ်လို့ ဝေဖန်သူတွေက မျှော်လင့်ထားပါတယ်။

စစ်အစိုးရရဲ့ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတိုင်း လုပ်ဆောင်မယ့် Palang Pracharat ပါတီသစ်ကို စက်မှုဝန်ကြီး Uttama Savanayana ကဦးဆောင်တာဖြစ်ပြီး အကွဲကွဲအပြားပြားဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးကို ကျော်လွှားဖြေရှင်းနိုင်ဖို့ ကတိပြုထားသူလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း Prayuth Chan-ocha က သူ့အနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုပြီး ရက်အတန်ကြာပြီးနောက် အခုလို Prayuth အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးက နိုင်ငံရေးပါတီသစ်ကို ထူထောင်လိုက်ကြောင်း ကြေညာခဲ့တာပါ။ စစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ပံ့ပိုးပေးဖို့ ဖြစ်နိုင်ချေရှိမယ်လို့ ခန့်မှန်းကြပါတယ်။

နိုင်ငံရေးပါတီသစ်ကို ထူထောင်တဲ့ထဲမှာ ပါဝင်တဲ့ ကျန်တဲ့ ဝန်ကြီးသုံးဦးကတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Sontirat Sontijirawong၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးSuvit Maesincee နဲ့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Kobsak Pootrakool တို့ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG