သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အိမ်ရှေ့စံကြင်ရာ တော်ဝင်ဘွဲ့စွန့်


ထီးနန်းအဆောင်အယောင်တွေ စွန့်လွှတ်လိုက်တဲ့ ထိုင်းအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော် မင်းသမီး Srirasm (ယာအစွန်)
ထီးနန်းအဆောင်အယောင်တွေ စွန့်လွှတ်လိုက်တဲ့ ထိုင်းအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော် မင်းသမီး Srirasm (ယာအစွန်)

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်ဟာ သူရဲ့တော်ဝင်ဘွဲ့တွေကို စွန့်လွှတ်လိုက်ပါတယ်။ ဒါဟာ ဂုဏ်သက္ခာလျှောကျပြီး သူ့အနေနဲ့ မိဖုရား မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

မင်းသမီး Srirasm (သီရီရာစမီ) ဘာကြောင့် အခုလို လုပ်ရသလဲဆိုတာ မရှင်းလင်းပေမဲ့ ပြီးခဲ့တဲ့လက သူရဲ့ဆွေမျိုးတွေ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံခဲ့ရအပြီးမှာ အခုလို ဖြစ်သွားရတာပါ။

သောကြာနေ့ နန်းတွင်းက ထုတ်ဝေတဲ့ တော်ဝင်ဂေဇက်သတင်းမှာတော့ ထိုင်းအိမ်ရှေ့မင်းသား Vajiralongkorn (ဝဇီရာ လုံကွန်) ရဲ့ တတိယမြောက် ဇနီးက အခုလို သူရဲ့တော်ဝင် အဆောင်အယောင်တွေကို ပြန်အပ်ဖို့ ခွင့်တောင်းခဲ့တယ်လို့ အကျဉ်းချုပ်ဖော်ပြပါတယ်။ ဖော်ပြချက်မှာ ဘာအကြောင်း ကြောင့်ဆိုတာ မပြောပေမဲ့ အသက် (၈၇) နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီး Bhumibol Adulyadej က တောင်းဆိုမှုကို အတည်ပြုပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ Lese Majeste ဥပဒေက ဘုရင်စနစ်ကိုစော်ကားတဲ့ သူတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်တဲ့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်း သတင်းမီဒီယာတွေ ဒီသတင်းအပေါ်မှာ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ကို ပိတ်ပင်ထားသလိုဖြစ်နေပါတယ်ခင်ဗျာ။

XS
SM
MD
LG