သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပရာ႐ြတ္ ဝန္ႀကီးခ်ဳပ္တာဝန္ဆက္ထမ္းႏိုင္လို႔ ထိုင္းဖဲြ႕စည္းပံုခံုရံုးဆံုးျဖတ္


ထိုင္း၀န္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာ (ဓါတ္ပုံ-႐ိုက္တာ)

တာဝန္ ဆိုင္းငံ့ခံထားရတဲ့ ထိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း Prayut Chan-o-cha ၀န္ႀကီးခ်ဳပ္တာ၀န္ကို ဆက္လက္ ထမ္းေဆာင္ႏိုင္ခြင့္ရွိတယ္လို႔ ထိုင္းႏိုင္ငံဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဒီေန႔ ေသာၾကာေန႔မွာ ဆုံးျဖတ္လိုက္ပါတယ္။

Prayut Chan-o-cha ၀န္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာ၀န္ယူတာဟာ ထိုင္းႏိုင္ငံရဲ႕ ၂၀၁၇ ခုႏွစ္ ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ဳိးေဖါက္ရာ မေရာက္ဘူးလို႔ ခုံ႐ုံးက ဆုံးျဖတ္လိုက္တာပါ။ ဒါေၾကာင့္ ေနာက္ႏွစ္ ေရြးေကာက္ပြဲအသစ္ က်င္းပတဲ့အခ်ိန္အထိ၊ Prayut အေနနဲ႔ ၀န္ႀကီးခ်ဳပ္ တာ၀န္ကို ဆက္လက္ ထမ္းေဆာင္ခြင့္ရမွာျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ အာဏာသိမ္းတက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Prayuth ဟာ ဖဲြ႕စည္းပံုအရ ဝန္ႀကီးခ်ဳပ္သက္တမ္းတာဝန္ ၈ ႏွစ္ကန္႔သတ္ထားခ်က္ကို ခ်ဳိးေဖာက္သလားဆိုတာ ခံုရံုးက ဆံုးျဖတ္ေပးဖို႔ အတိုက္အခံ လႊတ္ေတာ္အမတ္ေတြက ေလွ်ာက္ထားခဲ့ၿပီးေနာက္ ၾသဂုတ္လမွာ ဝန္ႀကီးခ်ဳပ္ Prayuth ရဲ႕ တာဝန္ကို ဆိုင္းငံ့ထားခဲ့တာပါ။ အတိုက္အခံ လႊတ္ေတာ္အမတ္ေတြက ၂၀၁၄ ခုႏွစ္ကို ၀န္ႀကီးခ်ဳပ္ တာ၀န္ထမ္းေဆာင္တဲ့ အစႏွစ္လို႔ သတ္မွတ္ၿပီး သူ႕ရဲ႕ ၀န္ႀကီးခ်ဳပ္ သက္တမ္း ဖြဲ႕စည္းပုံက ခြင့္ျပဳတဲ့ ဂ ႏွစ္ျပည့္သြားၿပီလို႔ ကန္႔ကြက္ခဲ့ၾကတာျဖစ္ပါတယ္။ Prayut ကို ေထာက္ခံသူေတြဘက္ကလည္း သူ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္စထမ္းေဆာင္တာဟာ စစ္တပ္ ဦးေဆာင္ ေရးဆြဲတဲ့ လက္ရွိ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အတည္ျပဳၿပီး၊ ၂၀၁၉ ဆႏၵခံယူပြဲေတြ ၿပီးမွ ထမ္းေဆာင္တာ ျဖစ္တယ္လို႔ ျငင္းခ်က္ထုတ္ၾကပါတယ္။

ဒီေန႔ အေျခခံဥပေဒ ခုံ႐ုံးက မဆုံးျဖတ္ခင္ ဘန္ေကာက္ၿမိဳ႕ တရား႐ုံး၀န္းကို လာမယ့္ တနလာၤေန႔ မနက္ ၆ နာရီအထိ ျဖတ္သန္းခြင့္ပိတ္ပင္ထားပါတယ္။ ရဲတပ္ဖြဲ႕ ၃၀၀ ေလာက္နဲ႔ တရား႐ုံးအနီးတဝိုက္မွာ လုံျခဳံေရးတင္းၾကပ္ထားပါတယ္။

#ထိုင္း #ထိုင္းဝန္ႀကီးခ်ဳပ္ #ပရာရြတ္ခ်န္အိုခ်ာ #ဖဲြ႕စည္းပံု #တရားရံုး

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပရာရွတ် ဝန်ကြီးချုပ်တာဝန်ဆက်ထမ်းနိုင်လို့ ထိုင်းဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်

တာဝန် ဆိုင်းငံ့ခံထားရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း Prayut Chan-o-cha ဝန်ကြီးချုပ်တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

Prayut Chan-o-cha ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူတာဟာ ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်ရာ မရောက်ဘူးလို့ ခုံရုံးက ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် နောက်နှစ် ရွေးကောက်ပွဲအသစ် ကျင်းပတဲ့အချိန်အထိ၊ Prayut အနေနဲ့ ဝန်ကြီးချုပ် တာဝန်ကို ဆက်လက် ထမ်းဆောင်ခွင့်ရမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းတက်လာတဲ့ ဝန်ကြီးချုပ် Prayuth ဟာ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သက်တမ်းတာဝန် ၈ နှစ်ကန့်သတ်ထားချက်ကို ချိုးဖောက်သလားဆိုတာ ခုံရုံးက ဆုံးဖြတ်ပေးဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေက လျှောက်ထားခဲ့ပြီးနောက် သြဂုတ်လမှာ ဝန်ကြီးချုပ် Prayuth ရဲ့ တာဝန်ကို ဆိုင်းငံ့ထားခဲ့တာပါ။ အတိုက်အခံ လွှတ်တော်အမတ်တွေက ၂၀၁၄ ခုနှစ်ကို ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်တဲ့ အစနှစ်လို့ သတ်မှတ်ပြီး သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်း ဖွဲ့စည်းပုံက ခွင့်ပြုတဲ့ ဂ နှစ်ပြည့်သွားပြီလို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ Prayut ကို ထောက်ခံသူတွေဘက်ကလည်း သူ ဝန်ကြီးချုပ်အဖြစ် တာဝန်စထမ်းဆောင်တာဟာ စစ်တပ် ဦးဆောင် ရေးဆွဲတဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီး၊ ၂၀၁၉ ဆန္ဒခံယူပွဲတွေ ပြီးမှ ထမ်းဆောင်တာ ဖြစ်တယ်လို့ ငြင်းချက်ထုတ်ကြပါတယ်။

ဒီနေ့ အခြေခံဥပဒေ ခုံရုံးက မဆုံးဖြတ်ခင် ဘန်ကောက်မြို့ တရားရုံးဝန်းကို လာမယ့် တနလာၤနေ့ မနက် ၆ နာရီအထိ ဖြတ်သန်းခွင့်ပိတ်ပင်ထားပါတယ်။ ရဲတပ်ဖွဲ့ ၃၀၀ လောက်နဲ့ တရားရုံးအနီးတဝိုက်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။

#ထိုင်း #ထိုင်းဝန်ကြီးချုပ် #ပရာရွတ်ချန်အိုချာ #ဖွဲ့စည်းပုံ #တရားရုံး

XS
SM
MD
LG