သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြစခန်းကနေ ထွက်သွားဖို့ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက် ဆန္ဒပြသူတွေ ဆက်ပြီး အာခံဆဲ


ဘန်ကောက်မြို့လယ်၊ ဆူခွန်ဗစ်လမ်းမကြီးတွင် နေရာယူထားသော ထိုင်းစစ်သားများနှင့် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ။ မေ ၁၇၊ ၂၀၁၀

ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေကြား လမ်းပေါ်က တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ၅ ရက်မြောက်နေ့မှာပဲ အစိုးရက နောက်ဆုံး သတ်မှတ် ချိန် ပေးထားတာကို ဆန္ဒပြသူတွေက အရေးမထားခဲ့ကြပါဘူး။ ဘန်ကောက်မြို့တော်ရဲ့ အချက်အခြာနေရာကနေ ဆန္ဒပြသူတွေ ဒေသစံတော်ချိန် ညနေ ၃ နာရီ နောက်ဆုံး ထား ဖယ်ရှားဖို့ သတိပေးထားတဲ့ လက်ကမ်း စာစောင်တွေကို စစ်တပ်လေယာဉ်တွေနဲ့ ကောင်းကင်ကနေ ကြဲချခဲ့ကြတာပါ။ မဖယ်ရှားဘဲ ဆက်လက် နေထိုင်သွားသူတွေ အနေနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျခံရမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း ခန့်မှန်းခြေ အင်္ကျီအနီဝတ် ဆန္ဒပြသူ ၅,၀၀၀ လောက်ဟာ မတ်လ လယ်ကတည်းက သိမ်းပိုက်ထားတဲ့ ဘန်ကောက်မြို့တော်က စီးပွားရေး အချက်အခြာ နေရာတွေမှာ ဆက်လက် စခန်းချနေခဲ့ကြတာပါ။ ဆန္ဒြ့ပသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ တွေကြား ဒီကနေ့အထိလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ကြာသပတေးနေ့ကစလို့ ပဋိပက္ခတွေ ဖြစ်ပွား ရာမှာ လူပေါင်း ၃၆ ယောက်ထက်မနည်း သေဆုံးပြီး အကျီ င်္နီဝတ် ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ထိုင်းစစ်တပ်က ဗိုလ်ချုပ်တဦးလည်း သေဆုံးသွားခဲ့ပါတယ်။

ဗိုလ်ချုပ် Khattiya Sawasdiphol ဟာ ကြာသပတေးနေ့တုန်းကပဲ လက်ဖြောင့် သေနတ်သမားက ဦးခေါင်းကို ပစ်ခတ်တာ ခံခဲ့ရတဲ့ ဏ်ရာနဲ့ ဒီကနေ့မှာပဲ သေဆုံးသွား ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG