သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရနုတ်ထွက်ရေး ဘန်ကောက်မှာဆန္ဒပြ


အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းနေကြစဉ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းနေကြစဉ်။
ထိုင်းနိုင်ငံမှာ ရှေ့သီတင်းပတ်ထဲ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ဆန္ဒပြဖို့ စီစဉ်ထားတဲ့ အတိုက်အခံတွေက ရှေ့ပြေးအဖြစ်နဲ့ ဒီကနေ့မှာလည်း ဆန္ဒပြသူထောင်ပေါင်းများစွာစုဝေးပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် နုတ်ထွက်ပေးဖို့ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

လာမယ့် အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြမှုတွေမှာ အောင်မြင်မှုတွေရစေဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့က သမိုင်းဝင်နေရာတွေကို ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အတိုက်အခံတွေက ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အစိုးရလုပ်ငန်းတွေလုံးဝ ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ထားတာပါ။

ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ်က လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောခဲ့ပေမယ့် သူနှုတ်ထွက်ပေးဖို့တော့ ငြင်းဆိုပါတယ်။ ဆန္ဒပြသူတွေကတော့ ရှင်နာဝပ်မိသားစုဝင်တွေ အာဏာပြန်ရလာနိုင်စေတဲ့ ထိုင်းနိုင်ငံမှာ မကြာမီ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ မဲမပေးနိုင်အောင် ပိတ်ဆို့တားဆီးမယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ရင်လတ်ကို ဖြုတ်ချဖို့ ကြိုးစားတဲ့အနေနဲ့ အတိုက်အခံတွေက သီတင်းပတ်ပေါင်းများစွာ ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးစံနစ်ပပျောက်စေဖို့ ရင်လတ်အစိုးရကို ဖြုတ်ချဖို့ လိုအပ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
XS
SM
MD
LG