သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ရုံး ဆန္ဒပြသူတွေ ဝိုင်းပိတ်ဆို့


Venezuela pierde 35 millones de horas hombre a la semana haciendo fila para comprar alimentos y bienes que tienen precio controlado por el gobierno, según la Encuesta Nacional Ómnibus de febrero de 2015
Venezuela pierde 35 millones de horas hombre a la semana haciendo fila para comprar alimentos y bienes que tienen precio controlado por el gobierno, según la Encuesta Nacional Ómnibus de febrero de 2015
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သီတင်းပတ်တွေနဲ့ချီ သိမ်းပိုက်ထားတဲ့ အစိုးရဌာနချုပ်ကို ရဲတပ်ဖွဲ့က ပြန် သိမ်းပိုက်နိုင်ဖို့ စတင် လုပ်ဆောင်နေချိန်မှာပဲ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို အာခံပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ တနင်္လာနေ့က အစိုးရရုံး အပြင်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ရုံးနဲ့ တခြား အစိုးရရုံးအဖွဲ့တွေ တည်ရှိရာ ဌာနချုပ်မှာ ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝါနဲ့ ဝန်ကြီးအဖွဲ့ ဝင်လို့မရအောင် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဝိုင်းထားခဲ့ကြပါတယ်။ ဝန်ကြီးချုပ်အနေနဲ့လည်း ဘန်ကောက်မြို့မှာရှိတဲ့ နေရာ အတော်များများကနေ သူမရဲ့ အိမ်စောင့်အစိုးရအဖွဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့ရပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သီတင်းပတ်ပေါင်း အတန်ကြာ သိမ်းပိုက်ထားခဲ့တဲ့ ဘန်ကောက်မြို့က အဓိက ကျတဲ့နေရာတွေကို ပြန် သိမ်းပိုက်နိုင်ဖို့ ရဲတပ်ဖွဲ့က သောကြာနေ့မှာ စတင် ဆောင်ရွက်ခဲ့တာပါ။

ဆန္ဒပြသူတွေ ချထားတဲ့ အတားအဆီးတွေနဲ့ တဲတွေကို နံပတ်တုတ်တွေကိုင်ပြီး ဦးထုပ်တွေဆောင်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖျက်သိမ်းတဲ့ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေအနေနဲ့ ခုခံခြင်း မပြုကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ ကြေငြာနေခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူ အများစုကတော့ အလွယ်နဲ့ အလျော့ပေးမှာမဟုတ်ဘူးလို့ အတိုက်အခံ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မီတီဝင် Issar Somchai က ပြောပါတယ်။
XS
SM
MD
LG