သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ဝင်ရောက်


ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)။
ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)။
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ဝင်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်နဝပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းစစ်တပ်ရဲ့ ဝင်းအတွင်းကို သောကြာနေ့မှာ အတင်းဝင်ရောက်ခဲ့ပြီး၊ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ ဝင်ရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အတိုက်အခံဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်လာနေတာဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ရင်းလပ် မနုတ်ထွက်မချင်း ထိုင်းအစိုးရဝန်ကြီးရုံးတွေကို သိမ်းယူသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပါတယ်။
ကြာသာပတေးနေ့က ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိဆိုတဲ့ မဲခွဲမှုအတွင်း ဝန်ကြီးချုပ်ရင်းလပ်ဟာ လုံလောက်တဲ့ ထောက်ခံမဲရရှိခဲ့ပါတယ်။

သူမကို ထောက်ခံသူ ၂၉၇ မဲ၊ ကန့်ကွက်သူ ၁၃၄ မဲရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ရင်းလပ်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီးတော့ အဲဒီလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ အခြေအနေကို ပြေလည်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG