သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်သူတွေ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြ


ထိုင်းအစိုးရ ဆန့်ကျင်သူတွေ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြ
ထိုင်းအစိုးရ ဆန့်ကျင်သူတွေ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှပ်နီဝတ်တွေနဲ့ ရှပ်ဝါဝတ်တွေက လူထုဆန္ဒပြပွဲတွေကို တနင်္ဂနွေနေ့က သီးခြားစီ ကျင်းပခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ အကွဲကြီး ကွဲနေတာကို ဒီဆန္ဒပြပွဲတွေက ပြသလိုက်တာ ဖြစ်ပါတယ်။

ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေက ဘန်ကောက်မြို့မှာ ရာဇဝတ်မှု တရားရုံးရှေ့မှာ စုဝေးခဲ့ကြပြီး သူတို့ခေါင်းဆောင် ၁၈ ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ကို မနှစ်က ဖြစ်ပွားခဲ့တဲ့ ၁၀ ပတ်ကြာ ဆန္ဒပြပွဲ အပြီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရှပ်ဝါဝတ်တွေကတော့ တခြား သီးခြားနေရာမှာ ထောင်ချီ ဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) အနားယူဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ် အငြင်းပွားမှုမှာ ဆန္ဒပြသူတွေရဲ့ ထောက်ခံမှု ဆုံးရှုံးသွားခဲ့ရပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဘန်ကောက်မြို့မှာ အများကြီး ချထားခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို ပိတ်ဆို့တာတော့ မရှိခဲ့ပါဘူး။

XS
SM
MD
LG