သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကြားဝင် စေ့စပ်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုချက် ထိုင်းအစိုးရ ပယ်ချ


ဘန်ကောက်မြို့ ကောင်းကင်မှ မီးခိုးလုံးကြီးများ။ မေ ၁၆၊ ၂၀၁၀

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရစစ်တပ်အကြား သုံးရက်ကြာဖြစ်ပွားနေခဲ့တဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးတဲ့ ဆွေးနွေးပွဲလုပ်ဖို့ အတိုက်အခံ ဆန္ဒပြသူ တွေဘက်က တောင်းဆိုတာကို ထိုင်းအစိုးရက ပယ်ချလိုက်ပါတယ်။

သူတို့ သပိတ်စခန်းဖွင့် စခန်းချထားတဲ့နေရာကို တိုက်ခိုက်ဖြိုခွဲနေတာ စစ်တပ်က ရပ်မယ်ဆိုရင် ကုလသမဂ္ဂက ကြားဝင် ညှိနှိုင်း တဲ့ စေ့စပ်ဆွေးနွေးပွဲတွေလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။

ဘန်ကောက်မြို့ရဲ့ အဓိက စီးပွား ကုန်သွယ်ရေး အချက်အခြာနေရာက သူတို့ရဲ့စခန်းကို ကာရံထားတဲ့နေရာမှာ အင်္ကျီနီဝတ် ဆန္ဒ ပြသူတွေက ကားတာယာတွေကို မီးတင်ရှို့ခဲ့ကြတာနဲ့အမျှ မြို့တော်ကောင်းကင်မှာ မီးခိုးလုံးကြီးတွေကို ဒီကနေ့ တွေ့ခဲ့ကြရပါတယ်။

ထိုင်းစစ်တပ်က ဆန္ဒပြသူတွေရဲ့ စခန်းကို ကြာသပတေးနေ့မှာ ၀န်းရံ ပိတ်ဆို့ပြီး လက်နက်ကိုင် အင်္ကျီနီဝတ်တွေကို ပစ်ခတ်ခဲ့ပါ တယ်။ ဆန္ဒပြသူတွေဘက်က လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေ ကျောက်တုံးတွေနဲ့ တိုက်ခိုက်နေခဲ့တာပါ။ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရထားပြီးပါပြီ။

ထိုင်းအစိုးရက နောက်ထပ် ပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေကို ဒီကနေ့ တိုးချဲ့ ထုတ်ပြန်ကြေညာလိုက်ပြီး မတည်မငြိမ် ဖြစ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တနင်္လာနဲ့အင်္ဂါနေ့တွေကို အများပြည်သူအားလပ်ရက်အဖြစ် ကြေညာထားပါတယ်။

XS
SM
MD
LG