သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ မရပ်မချင်း ထိုင်းအစိုးရ ဆွေးနွေးမည်မဟုတ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စီးပွားရေးလုပ်ငန်းတွေ လနဲ့ချီ ရပ်ဆိုင်းနေခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို အဆုံး မသတ်မချင်း ဆန္ဒပြသူတွေနဲ့  ညှိနှိုင်းမှုတွေ မလုပ်ဘူးလို့  ထိုင်းအစိုးရက ပြောလိုက်ပါတယ်။

ဒီကနေ့  ရုပ်မြင်သံကြား မေးမြန်းခန်းမှာ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Satit က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအထက်လွှတ်တော်က ကြားဝင်စေ့စပ်ပေးမဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အစိုးရနဲ့လုပ်ဖို့ လိုလားတယ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တွေက အစောပိုင်း တုန်းက ပြောခဲ့ပါတယ်။

သွေးထွက်သံယို ပဋိပက္ခတွေကို အဆုံးသတ်စေမယ်လို့ မျှော်လင့်ချက်နဲ့ ထိုင်း အထက် လွှတ်တော်အမတ် ၅၅ ယောက်က ကြားဝင် ညှိနှိုင်း ပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အများပြည်သူရုံးပိတ်ရက်ကို သောကြာနေ့အထိ နောက်ထပ် နှစ်ရက် တိုးထား ပါတယ်။ ဘန်ကောက်မြို့လယ်မှာ သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြနေကြသူတွေကို ကြာသပတေးနေ့ ထဲကစလို့ အစိုးရကနှိမ်နှင်းနေပြီး ဆန္ဒပြသူတွေဘက်က တချို့ကလည်း ပြန်လည် အကြမ်းဖက် တုံ့ပြန်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၃၇ ယောက်ထက် မနည်း ရှိသွားပြီး ဒဏ်ရာရသူကလည်း ရာနဲ့ချီ ရှိသွားပါပြီ။

XS
SM
MD
LG