သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်တောင်းဆိုသူ ထိုင်းဖမ်းဆီးမှု ကုလ စိုးရိမ်


ခိုလှုံခွင့်တောင်းဆိုသူ ထိုင်းဖမ်းဆီးမှု ကုလ စိုးရိမ်
ခိုလှုံခွင့်တောင်းဆိုသူ ထိုင်းဖမ်းဆီးမှု ကုလ စိုးရိမ်

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ လျှောက်ထားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ ကိစ္စအပေါ် အထူးစိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောလိုက်ပါတယ်။

နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေကို ဒုက္ခသည်ဖြစ်တယ်ဆိုတဲ့ အချက်တခုတည်းနဲ့ ဖမ်းဆီး ထိန်းသိမ်းဖို့ မသင့်ဘူးလို့ UNHCR က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နေရာ ၄ နေရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီ ဒုက္ခသည်တွေဟာ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ကတော့ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် ပါကစ္စတန်မှာ ဖမ်းဆီးထိန်းသိမ်း ခံကြရတဲ့ အာမာဒီယာ (Ahmadiyah) မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်တွေကို အကန့်အသတ်မရှိ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အစဉ်အလာ ရပ်တန့်တာကို မြင်လိုတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

XS
SM
MD
LG