သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားခရီးသွားများ ထိုင်းနိုင်ငံတွင်း ဗီဇာမလို ရက် ၉၀ နေထိုင်ခွင့်ရမည်


နိုင်ငံတကာ ဧည့်သည်တွေနဲ့ပြည့်နေတဲ့ ဘန်ကောက်မြို့က MBK Mall (နိုဝင်ဘာ ၁၀၊ ၂၀၂၂)
နိုင်ငံတကာ ဧည့်သည်တွေနဲ့ပြည့်နေတဲ့ ဘန်ကောက်မြို့က MBK Mall (နိုဝင်ဘာ ၁၀၊ ၂၀၂၂)

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ရုရှားခရီးသွားတွေကို ဗီဇာမလို ရက် ၉၀ အထိနေထိုင်ခွင့် ထိုင်းနိုင်ငံက တိုးမြှင့်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ် ပိုးလမ်းမသစ်ညီလာခံမှာ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် S(rettha Thavisin) နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဘေးပန်းမတွေ့ဆုံမီမှာပဲ ဒီလို ရက်တိုးပေးမယ့် သတင်းက ထွက်လာခဲ့တာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ထိုင်းဝန်ကြီးချုပ်က ကာလရှည်ကြာ ရင်းနှီးတဲ့ဆက်ဆံရေးကို ချီးကျူးခဲ့ပြီး ရုရှား သမ္မတပူတင်ကို ထိုင်းနိုင်ငံလာဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီနှစ်မှာ ရုရှားခရီးသည် တသန်းနီးနီး ထိုင်းကို လာခဲ့ပြီးပါပြီ။ နိုဝင်ဘာကနေ မတ်လအထိ ထိုင်းနိုင်ငံရဲ့ ခရီးသွားရာသီမှာ ခုလို ရက်တိုးပေးလိုက်တာကြောင့် ရုရှားခရီးသည်တွေ ပိုလာကြလိမ့်မယ်လို့ ထိုင်းက မျှော်လင့်ပါတယ်။

ရုရှားခရီးသွားအများစုက ပိုနေချင်ကြပါတယ်။ ဒါကြောင့် လူတိုင်းအတွက် လွယ်ကူအောင် သက်တမ်းတိုးပေးလိုက်တာပါ-လို့ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင် ဆက်သွယ်ရေး ဒုတိယ အကြီးအကဲ နီသီ ဆီးပရေး (Nithee Seeprae) က ဗွီအိုအေကို ပြောပါတယ်။

မနှစ်တုန်းကတော့ ပြည်တွင်းမှာ စစ်သားစုဆောင်းရေးနဲ့ ယူကရိန်း သွားတိုက်ရမှာကို ရှောင်ဖို့ ရုရှား အတော်များများ က နိုင်ငံခြားထွက် ကြာကြာနေခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG