သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အပြီးသတ်ပြင်ဆင်မှုတွေ လုပ်ဆောင်


Thailand Election
Thailand Election

ထိုင်းနိုင်ငံမှာတော့ အထွေထွေရွေးကောက်ပွဲကို မနက်ဖြန် တနင်္ဂနွေ မေလ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်တဲ့အနေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဟာ မဲပုံးတွေနဲ့ မဲပြားတွေကို စစ်ဆေးနေကြပါတယ်။ ဘန်ကောက်မြို့က Bangrak ခရိုင်မှာတော့ မဲပေးမယ့်သူ ၅ သောင်း ၆ ထောင်အတွက် မဲရုံ ၅၄ ရုံ ရှိပြီး ရွေးကောက်ပွဲ တာဝန်ရှိသူတွေဟာ မဲပေးတဲ့ ဆင့်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအကူအညီပေးမယ့် သူတွေကို ရှင်းပြနေကြပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ တယောက်ကို မဲ ၂ မဲ ပေးခွင့်ရမှာဖြစ်ပြီး၊ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်း အတွက် ၁ မဲ၊ ပါတီအတွက် ၁ မဲ ခွဲပြီး ပေးရတာဖြစ်ပါတယ်။ ဘန်ကောက်မြို့တဝန်းမှာ မဲဆန္ဒနယ် ၃၃ ခုရှိပြီး အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေး ၅၂ သန်းရှိပြီး၊ သူတို့က လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် မဲပေးကြမှာဖြစ်ပါတယ်။ အောက်လွှတ်တော် အမတ်နေရာ ၄၀၀ နေရာကိုတော့ တိုက်ရိုက် ရွေးချယ်သွားမှာဖြစ်ပြီး၊ အထက်လွှတ်တော်အမတ်နေရာ ၁၀၀ ကိုတော့ အချိုးကျကိုယ်စားပြုစနစ် PR စနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီးတော့ လက်ရှိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ပရာရွတ်ချန်အိုချာက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလာခဲ့တာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာတော့ အတိုက်အခံပါတီတွေဘက်က အနိုင်ရဖို့ အလားအလာကောင်းနေပြီး လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ရှုံးနိမ်ဖို့ အခြေအနေရှိနေတဲ့အတွက် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုတွေ လျော့ကျသွားဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG